16 January 2025

ဧပြီလ ၄ ရက်နေ့တွင် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ရှိ အိမ်နံပါတ် ၈/၁ မှာ တရားမဝင်မြန်မာလုပ်သား ရာနဲ့ချီဖမ်းမိတယ်လို့ ကော့ချမ်းရဲစခန်းကထုတ်ပြန်ပါတယ်။

အိမ်းခန်းလေး ကျဥ်းကျဥ်းလေးထဲမှာ မြန်မာလုပ်သား ၇၁ ဦးကို တွေ့ရှိခဲ့တယ်လို့ ဖော်ပြချက်အရသိရပါတယ်။ မြန်မာလုပ်သား ၇၀ ကျော်မှာ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၃၆ ဦးနဲ့ ကလေး ၁၁ ဦးတို့ဖြစ်ကြပါတယ်။

အဖမ်းခံရတဲ့မြန်မာလုပ်သားတွေကို မေးမြန်းကြည့်တော့ သူတို့တွေ တာချီလိတ်ကနေတဆင့် မယ်ဆိုင်မြို့ကိုဝင်လာပြီး ဗန်ကောက်ကိုအလုပ်သွားလုပ်ကြမယ်လို့ပြောပါတယ်။

ထိုင်းပွဲစား အသက် ၂၉ နှစ် နိုင်စရာဝုတ် (ထိုင်းနိုင်ငံသား) မြန်မာလုပ်သားတွေကို သူ့ဗင်ကားနဲ့သွားကြိုလာပြီး ဒီနေရာမှာလာထားပါတယ်။ ကြိုပို့ခတစ်ခေါက်ကို ဘတ်ငွေ ၂,၀၀၀-၂,၅၀၀ ရတယ်လို့ နိုင်စရာဝုတ်ကပြောပါတယ်။

ထိုနောက် ထိုင်းအာဏာပိုင်တွေက ဗင်ကားသမားနဲ့ မြန်မာလုပ်သားတွေကို ကော့ချမ်းရဲစခန်းကိုလွှဲပြောင်းပေးအပ်ကာ တရားဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS