"I Mai O” သီချင်းကို Po-Posayanukul နှင့် Yong-Songyot တို့က Executive
Producer အဖြစ်ပံပိုးခဲ့တာဖြစ်ပြီး Bel-Supol Producer, Ping-Jirawat
Tantranon ကသီချင်းရေးပေးခဲ့ကာ B ETC မှ Composer နဲ့ Band Mek
MACHINA တို့က မျူးဇစ်ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။
ဒီသီချင်းကို ဂျပန်က sound engineer နဲ့ Mixing
ဆွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဒီသီချင်းမှာ Billkin ရဲ့ခြေလှမ်းတွေက
အားစိုက်မှုအပြည့်ဖြစ်နေတာကိုတွေ့ရပါတယ်။ ပြီးတော့ သီချင်းဒီဇိုင်းကို Lin-
Rinrada နှင့် Tang-Tawanwat တို့က ပုံဖေါ်ပေးထားတာဖြစ်ပြီး ဒါရိုက်တာ
Nueng-Apiwat က MV ကို ရိုက်ကူးပေးခဲ့တာဖြစ် တယ်လို့သိရပါတယ်။
“သီချင်းကိုရည်ရွက်ချက်ရှိရှိနဲ့
မြူးမြူးလေးဖန်တီးထားတာပါ…သီချင်းရဲ့စာသားတွေက တော့
တစ်ယောက်သောသူကို ခိုးပြီးကြွေနေတာပေါ့ သူ့အနားမှာ တစ်ယောက်ယောက်ရှိ
နေရင် အဆင်မပြေနေတဲ့ ပုံစံလေးရအောင် ပုံဖေါ်ထားတာပါ…သူ့ကို
တစ်ဦးတည်း ပိုင်ဆိုင်ချင်တဲ့ပုံစံမျိုးပေါ့နော်…” လို့ “I Mai O” သီချင်းပိုင်ရှင်
“Bikin” ကပြောပါတယ်။
I Mai O (IXO) သီချင်းကို Nadao Music – Youtube channel မှာ
သွားရောက်နားဆင်နိုင်ပါပြီနော်