4 May 2024

ဩဂုတ် ၂၄ ရက်၊ ၂၀၂၁

 

ည ၁၁.၄၂ နာရီအချိန်တွင် ဝိဖာဝဒီရန်စစ် စွယ်-၉ ရှိ ၃၃ မြင့်သောရုံးအဆောက်အဦးတစ်ခုတွင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး

နယ်မြေခံမီးသတ်တပ်ဖွဲ့မှအရေးပေါ်မီးငြိမ်းသတ်ခဲ့ရသည်။

.

ပြီးခဲ့သည့် ည ၁၁ နာရီ ၄၂ မိနစ်အချိန်တွင် မြို့တော်ဗန်ကောက်၊ ကျတူကျန်မြို့နယ်၊ ကျော်ဖွန်မြို့နယ်ခွဲ၊ ဝိဖာဝဒီရန်စစ်လမ်းမကြီး၊ လမ်းသွယ် ၉

တွင်တည်ရှိသော ၃၅ ထပ်မြင့်သည့် ဆောက်လုပ်နေဆဲရုံးအဆောင်အဦးတစ်ခု၏ လသာဆောင်အထပ်တွင်မီးလောင်မှုဖြစ်ပွားခဲ့ပြီး နယ်မြေခံမီး

သတ်တပ်ဖွဲ့များမှမီးသတ်ကားများဖြင့် အရေးပေါ်မီးငြိမ်းသတ်မှုပြုလုပ်ခဲ့ရသည်ဟု သိရသည်။

 

မီးသတ်တပ်ဖွဲ့များက ၂ နာရီအကြာငြိမ်းသတ်ပြီးနောက် မီးထိန်းချုပ်နိုင်ခဲ့သည်ဟု သိရသည်။

 

ကနဦးတွင် အဆောက်အဦးအပေါ်ဆုံးအထပ်ဖြစ်သည့်လသာဆောင်အထပ်တွင်သာမီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး အခြားနေရာများသို့မီးကူးသွားခြင်း

မရှိကြောင်း၊ ဗန်ကောက်အာဏာပိုင်အဖွဲ့နှင့်သက်သေခံအထောက်အထားကောက်ယူရေးဗျူရိုတို့က ယနေ့တွင် အခင်းဖြစ်ပွားရာသို့သွား

ရောက်ပြီးမီးလောင်မှုဖြစ်ပွားသည့်အကြောင်းရင်းကိုစစ်ဆေးရှာဖွေသွားမည်ဖြစ်ကြောင်း၊ အဆောက်အဦးကိုယ်ထည်ထိခိုက်မှုရှိမရှိစစ်ဆေး

သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ အက်စ် အိုအေစစ် ရုံးအဆောက်အဉီးသည် ၃၅ ထပ်မြင့်ပြီး Singha Estate အများပိုင်ကုမ္ပဏီမှပိုင်ဆိုင်သည့်စီမံကိန်းတစ်ခုဖြစ်သည်။

အငှားမြေယာ ၅၄,၀၀၀ စတုရန်းမီတာပေါ်တွင်တည်ဆောက်ထားပြီး ကားအစီးရေ ၈၇၀ ရပ်နားနိုင်သည့်ကားပါကင်ပါဝင်သည်။ ရုံးခန်းစုစုပေါင်း

ဧရိယာ ၁,၉၄၀ စတုရန်း မီတာရှိပြီး ရုံးခန်းများသည် ၃ မီတာမြင့်သည်။ ၎င်းအော့ဖစ်တာဝါကို လာမည့်နှစ်ပထမသုံးလပတ်တွင်အပြီးတည်

ဆောက်ရန်ရာထားသည်ဟု သိရသည်။

SHARE THIS NEWS

OTHER NEWS