စက်တင်ဘာ ၉ ရက်၊ ၂၀၂၁
တာလီဘန်များကို ကျောထောက်နောက်ခံပေးထာသည်ဟု ယူဆရ၍ အာဖဂန်ပြည်သူများကမြို့တော်ကာဘူးလ်ရှိပါကစ္စတန်သံရုံးရှေ့တွင်
ဆန့်ကျင်ဆန္ဒပြ။
ပါကစ္စတန်အစိုးရက အာဖဂန်ရှိတာလီဘန်အကြမ်းဖက်အုပ်စုကိုကျောထောက်နောက်ခံပေးထားသည် ဟုယူဆရ၍ ယမန်နေ့တွင်
အာဖဂန်ပြည်သူများက မြို့တော်ကာဘူးလ်ရှိပါကစ္စတန်သံရုံးရှေ့တွင်စုရုံးပြီး ပါကစ္စတန်အစိုးရကိုဆန့်ကျင်ဆန္ဒပြခဲ့သည်ဟု သိရသည်။
တာလီဘန်စစ်သွေးကြွများက သေနတ်ကိုမိုးပေါ်ထောင်ပစ်ပြီး ဆန္ဒပြပြည်သူများကို ဖြိုခွင်းခဲ့သည်ဟုသိရသည်။ တာလီဘန်တပ်သား
တစ်ဦးကဆန္ဒပြပြည်သူများကိုသေနတ်ဖြင့်ချိန်ရွယ်ခဲ့သည်ဟုသတင်းဓာတ်ပုံတစ်ခုကဖော်ပြထားသော်လည်း အဆိုပါ လူထုဖြိုခွင်းမှုတွင်
ပြည်သူဘက်မှအသက်သေဆုံး ခြင်းနှင့်ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရှိရသည်။