3 May 2024

အလုပ်ရှင်က လုပ်အားခမရှင်းပေးသော မြန်မာအလုပ်သမား ၁၄ ဦးကို MHAC ကူညီ
.
ဇူလိုင် ၈ ရက်၊ ၂၀၂၃
.
မြို့တော်ဗန်ကောက်တောင်ဘက်ရှိ စမွတ်ပရာကန်ခရိုင်တွင် အလုပ်ရှင်က လုပ်ခလစာပေးချေခြင်းမရှိ ခြင်းကြောင့် အခက်အခဲဖြစ်နေသော မြန်မာအလုပ်သမား (၁၄) ဦးကို MHAC မဟာမိတ်အဖွဲ့က ယမန် နေ့တွင် လိုက်ပါကူညီပေးခဲ့သည်ဟု Ye Min အကောင့်က ဇူလိုင် ၇ ရက်နေ့ (၂၀၂၃) တွင် ဖော်ပြထား သည်။
.
“ထိုင်းနိင်ငံ စာမွတ်ပရကန်ခရိုင် ထိုင်းအစိုးရ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန(ဆဝါဒီကန်) တွင် မြန်မာလုပ်သား(14)ဦး အားအလုပ်ရှင်မှ လုပ်အားခများ မရှင်းပေးသဖြင့် ကူညီပေးပါရန်အလုပ် သမားများမှ တောင်းဆိုခဲ့ရာ ဆဝါဒီကန်ရုံးသို့ အေအေစီကိုရဲမင်း ဦးဆောင်သော (MHAC)မဟာမိတ် အဖွဲ့သားများက လိုက်ပါပို့ဆောင်ပြီး တိုင်ကြားမှုနှင့် ထိုင်းဥပဒေပါအတိုင်း နစ်နာမှုများပြန်လည်ရရှိဖို့ ယနေ့ ကူညီဆောင်ရွက်ပေးနေသော မြင်ကွင်းများ” ဟု ရေးသားဖော်ပြထားသည်။
.
Phoot: Ye Min
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ
.

SHARE THIS NEWS

OTHER NEWS