3 May 2024

နွန်ထဘူရီခရိုင်အတွင်းမှာနေထိုင်ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ကာကွယ်ဆေးထိုးနိုင်ပြီဖြစ်ကြောင်း

ထိုင်းအစိုးရက ကြေညာခဲ့ပြီးတဲ့နောက် ပထမဦးဆုံးစတင်ထိုးနှံပေးတဲ့ရက်မှာ နွန်ထဘူရီခရိုင်၊ ဘန်ယိုင်စျေးမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ၊ လာာအို၊ ကမ္ဘောဒီးယား ၃ နိုင်ငံရွှေ့ပြောင်းလုပ်သားတွေ အပါအတွင် နွန်ထဘူရီခရိုင်တွင်းက

ရွှေ့ပြောင်းလုပ်သားတွေ အများအပြား ကာကွယ်ဆေး လာရောက်ထိုးနှံခြင်းခံယူတယ်လို့ သိရပါတယ်။

 

အစပိုင်းထထိုးနှံပေးတဲ့ နာရီပိုင်းလောက်မှာ ဘာသာစကား ပိုင်းဆိုင်ရာ အခက်အခဲအချို့နဲ့ ကြုံတွေ့ခဲ့ရပြီး

ခဏကြာတော့ စနစ်တစ်ကျဖြစ်သွားပါတယ်လို့ တာဝန်ရှိသူတွေ ကပြောပါတယ်။

 

နွန်ထဘူရီခရိုင်မှာ စက်တင်ဘာလ ၂၀ ရက်နေ့က စလို့ ရွေ့ပြောင်းလုပ်သားတွေကို ကာကွယ်ဆေး စတင်ထိုးနှံပေးနေတာပါ။

တစ်နေ့ကို ၃,၆၀၀ ဦးထိုးနှံပေးသွားမှာဖြစ်ပြီး ၃ ရက်ကို လူဦးရေ ၁၀,၀၀၀ ဦးထက်မနည်းထိုးနှံပေးနိုင်ဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။

ဒီတစ်ခေါက်ကာကွယ်ဆေးထိုးနှံခွင့်ရတဲ့ ရွှေ့ပြောင်းလုပ်သားတွေကတော့ အထောက်အထားအပြည့်အစုံရှိ ရှိကြတဲ့သူတွေဖြစ်ပါတယ်။

 

အထောက်အထားမရှိတဲ့ လုပ်သားတွေ ကာကွယ်ဆေးထိုးနှံခွင့်ရဖို့ ခရိုင်တာဝန် ရှိသူတွေကထပ်မံစီစဉ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS