29 April 2024

ထိုင်းအစိုးရက ၂၀၂၁ နှောင်းပိုင်းမှာ ခရီးသွားတွေကို စတင်လက်ခံသွားမှာ ဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ပြီးနောက် ချင်းမိုင်ခရိုင်က ၂၀၂၁ စက်တင်ဘာလ ၁ ရက်နေ့ကစလို့

ခရီးသွားတွေကိုစတင်လက်ခံမှာဖြစ်ပြီး ချင်းမိုင်ခရိုင်ထဲက မြို့နယ် ၄ မြို့နယ်ကို လည်ပတ်ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

ကိုဗစ်ကြောင့် ခြောက်ကပ်နေတဲ့ ထိုင်းခရီးသွားကဏ္ဍကို ပြန်လည်အသက်သွင်းဖို့ ထိုင်းအစိုးရက အားစိုက်သရော လုပ်ဆောင်နေတာကိုတွေ့ရပါတယ်။

 

စတင်လည်ပတ်ခွင့်ပြုသွားမယ့် ၄ မြို့နယ်ကတော့ ချိင်းမိုင်၊ မဲ့သန်၊ မဲ့ရင်၊ ဒွိုင်သောင် စတဲ့ ၄ မြို့နယ် တို့ ဖြစ်ပါတယ်။

 

 

ချင်းမိုင်ခရိုင်ကအလည်အပတ်နေရာတစ်ခု / Photo BLT Bangkok

 

ချင်းမိုင်မို့မှာ နေထိုင်တဲ့ပြည်သူ ၇၀ ရာခိုင်နှုန်းကျော်ဟာ ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးပြီဖြစ်တယ် လို့လည်းသိရပါတယ်။

 

ချင်းမိုင်ခရိုင်မြို့တော်ဝန်ကတော့ ကိုဗစ်-၁၉ အခြေအနေအရ အခြားမြို့နယ်တွေကိုလည်း သင့်လျော်သလို ခရီးသွားတွေကို လက်ခံဖို့ စီစဉ်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS