26 April 2024

ကျောက်ဖရားမြစ်ရေ အဆက်မပြတ် မြင့်တက်နေတာကြောင့် နွန်ထဘူရီခရိုင်တွင်းက မြေနိမ့်ပိုင်းနေရာ အချို့မှာ

ရေကြီးစပြုလာပါပြီဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်နေ့ကတည်းရ မြစ်ရေဝင်လာပြီး ရေကြီးခဲ့တဲ့

ဆောက်လုပ်ရေးခွင်တစ်ခုမှာတော့ ရေ ၃၀ စင်တီမီတာခန့် ကျလာပြီဖြစ်တယ်လို့သိရပါတယ်။

 

 

MRT ပန်းရောင်လိုင်း ဆောက်လုပ်ရေးခွင်မှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေနေထိုင်တဲ့

နွန်ထဘူရီခရိုင် ပါ့ကရစ်မြို့နယ် က ဆောက်လုပ်ရေးခွင် တစ်ခုမှာ စက်တင်ဘာ ၂၇ ရက်နေ့ ညက

ကျောက်ဖရားမြစ်ရေလျံပြီး ရေဝင်လာပြီး ရေကြီးခဲ့တာပါ။ အချိန်တိုတွင်းမှာ ဝင်လာတဲ့ မြစ်ရေတွေကြောင့်

ဆောက်လုပ်ရေးခွင်အတွင်း ၁ မီတာခန့်ရေကြီးခဲ့ပါတယ်။

 

 

အလုပ်သမား ၂၅၀ ကျော်က ရေလွတ်ရာဆောက်လုပ်ရေးခွင်တစ်ခုကို ပြောင်းရွှေ့သွားပြီဖြစ်ပေမယ့်

အလုပ်သမား ၁၅၀ ကျော်ကတော့ ပြောင်းရွှေ့ဖို့နေရာမရှိတာကြောင့်ရေကြီးနေတဲ့ဆောက်လုပ်ရေးခွင်မှာပဲ

ဆက်လက်နေထိုင်နေဆဲပါ။ ရေက စိုးရိမ်ရလောက်တဲ့ထိ မကြီးပေမယ့်လို့ အဆိပ်ရှိသတ္တဝါတွေ ကို

ကြောက်နေရတယ်လို့အလုပ်သမားတွေကဆိုပါတယ်။

 

လက်ရှိမှာတော့ ရေ ၃၀ စင်တီမီတာခန့် လျော့ကျသွားပြီဖြစ်တာကြောင့် အလုပ်သမားအချို့က

ဆောက်လုပ်ရေးခွင်ကို ပြန်လာပြီး သုံးလို့ရသေးတဲ့ အသုံးအဆောင်ပစ္စည်းတွေကို လာရောက်သယ်

ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။

 

 

 

 

ရုတ်တရက်မြင့်တက်လာတဲ့မြစ်ရေကြောင့် ဆိုင်ကယ် ၁၈ စီးနဲ့ ရေခဲသေတ္တာ တီဗီ အစရှိတဲ့

ပစ္စည်းတွေ ဆုံးရှုံးခဲ့ရတယ်လို့ အလုပ်သမားတစ်ဦးကပြောပါတယ်။

SHARE THIS NEWS

OTHER NEWS