5 May 2024

သကောင်းစရာ သဲခုံစွယ် (Spit) ခေါ် ကျဉ်းမြောင်းသော ကမ်းရိုးမြေအကြောင်း

 

သဲခုံစွယ် ဆိုသည်မှာ ဘူမိ​ဗေဒ သ​ဘောအရ ကျဥ်း​မြောင်း​သော ကမ်းရိုး​မြေဖြစ်​ပေါ်မှု ဖြစ်ပြီး အစွန်းတစ်ဘက်ဟာ ကမ်း​ခြေနှင့် ထိစပ်လို့​နေပါတယ်။ ဦးတည်ချက် မကြာခဏ​ပြောင်းလဲတတ်တဲ့ ရှည်လျား​သော ကမ်းရိုးတန်း ​နေရာ (သို့မဟုတ်) မြစ်ဝ နဲ့ နီးတဲ့ ​​နေရာများမှာ အ​တွေ့များပါတယ်။ ​ရေချို ​ရေကန် နဲ့ မြစ်ကြီးများမှာလည်း​သဲခုံစွယ်များကို ​တွေ့ရတတ်ပါတယ်။

 

 

ပင်လယ်မှလာ​သော ​ရေ နဲ့ ​လေများဟာ ​ကျောက်စရစ်ပါ​သော သဲ​မြေများကို ကမ်းရိုးတန်းတ​လျောက် အနည်ချကြပါတယ်။ တဖက်မှာလည်း မြစ်၊ ချောင်းများမှ သယ်ယူလာတဲ့ နုန်း​မြေများဟာ ပင်လယ်ဝမှာ လာ​ရောက်စုပုံကြပါတယ်။ ကမ်းရိုးတန်း ကုန်း​မြေ​ထောင့်တ​လျောက် တိုက်ခတ်မြဲလေ (prevailing wind)ဟာ ပင်လယ်​ရေလှိုင်းများကို ပုံမှန်ဖြစ်​ပေါ်​စေပြီး.. ​ကျောက်စရစ်၊ သဲ၊ နုန်း​မြေတို့ သယ်​ဆောင်အနည်ကျစုပုံခြင်းနဲ့ ​ပေါင်းစပ်ကာ သဲခုံစွယ် (spit) တစ်ခု ကုန်း​မြေသဏ္ဌာန်နဲ့ တဆက်တည်း ဖြစ်ပေါ်လာစေပါတယ်။ ​(ပုံ)

 

 

လေတိုက်ခတ်မှု လမ်း​ကြောင်းပုံစံအ​ပေါ်မူတည်၍ သဲခုံစွယ်တို့ဟာ ​ကွေ့​ကောက်တတ်ကြပါတယ်။ တခါတရံမှာ သဲခုံစွယ်ဟာ ကုန်း​မြေနဲ့ ပြန်လည်ထိစပ်သွားပြီး lagoon လို့​ခေါ်တဲ့ ပင်လယ်ကမ်း​ခြေအိုင် ကို ဖြစ်​ပေါ်​စေပါတယ်။ အများအားဖြင့် သဲခုံစွယ်ရဲ့ အစွန်းထိပ်မှ ​ရေလှိုင်းများဟာ မငြိမ်သက်ပဲ​နေရာအစုံမှလှိုင်းယိုင်ခြင်းဖြစ်တတ်ပြီး သဲခုံထိပ်အား ချိတ်​ကောက်ပုံစံ​ကွေးသွား​စေတတ်ပါတယ်။ အကယ်၍ ​ကွေးမသွားပဲ အခြားကျွန်းတခုခုနှင့် ထိစပ်သွားပါက ၎င်းကို အနည်ထိုင်ကုန်း​မြေ Tombolo လို့ သတ်မှတ်ပါတယ်။

 

 

ကမ္ဘာ​ပေါ်မှာ အခုလိုမျိုး ပင်လယ်သဲခုံစွယ်​တွေ များစွာရှိကြပြီး ​ယူကရိန်းမှာရှိတဲ့ အေ​ဇောဗ် ပင်လယ်မှ ​အေရိုဗက် သဲခုံစွယ်ဟာ ၆၈ မိုင်ခန့်ရှည်လျားပြီး ကမ္ဘာ​ပေါ်မှာ အရှည်ဆုံး သဲခုံစွယ် ဖြစ်ပါတယ်။ သဲခုံစွယ်များဟာ ကျဥ်း​​မြောင်းပြီး ရံဖန်ရံခါ ပင်လယ်​ရေတက်ခြင်းများ​ကြောင့် လမ်း​ကြောင်း​ပျောက်သွားတတ်ပါတယ်။

​နောင်တချိန် အ​ခြေခံပညာ ပထဝီဝင်သင်ရိုးဖတ်စာအုပ်များမှာ ဤကဲ့သို့ အ​ကြောင်းအရာများ ထည့်သွင်း​ရေးသား​ပေးခြင်းဖြင့်.. မဖြစ်သင့်​သော အန္တရာယ်များကို ပညာဖြင့်​ရှောင်လွှားကြနိုင်မှာပဲ ဖြစ်ပါ​တော့တယ်..။

 

ကိုကား သန့်ဦး (အာကာသနှင့်စကြဝဠာ သင်​ထောက်ကူ)

SHARE THIS NEWS

OTHER NEWS