28 April 2024

တူရကီနိုင်ငံရှိ နွားမွေးမြူရေးခြံတစ်ခြံမှာ နို့စားနွားတွေကို VR မျက်မှန်တပ်ဆင်ပေးပြီး အစာကျွေးရန် နို့စားနွားမွေးမြူရေးခြံပိုင်ရှင်တစ်ဦးက စမ်းသပ် ခဲ့ပါတယ်။ ခြံပိုင်ရှင်ရဲ့စိတ်ကူးက ခြံထဲမှာပဲ အမြဲနေထိုင်နေရတဲ့ ၎င်းရဲ့နွားတွေကို စိတ်ဖိစီးမှုလျှော့ချပေးနိုင် ရန်နှင့် နို့ထွက်ကောင်းရန် မျှော်လင့်ကြောင်း သိရပါတယ်။

VR မျက်မှန်ရဲ့ရုပ်ထွက်ကိုတော့ မျက်ခင်းစိမ်းလွင်ပြင်တစ်ခုအဖြစ် ထားရှိထားပါတယ်။ VR မျက်မှန်တပ်ပြီး အစာစားနေရတဲ့ နို့စားနွားတွေဟာ တကယ့်လွင်ပြင်ကြီးထဲမှာ အစာစားနေရသလို ခံစားရစေမှာဖြစ်ပြီး စိတ်သက်သာရာရစေမှာဖြစ်တယ်လို့ ထင်မြင်ကြောင်း ခြံပိုင်ရှင်ကဆိုပါတယ်။

ဗီဒီယိုကြည့်ရန်

 

 

နွားတွေဟာ ဆောင်းရာသီကာလမှာ စိတ်ဖိစီးမှုများပြီး နို့ထွက်နှုန်းလျော့ကျလေ့ရှိတယ်လို့ ခြံပိုင်ရှင်ကဆိုပါတယ်။ ဒါကြောင့် သူဟာ ဆောင်းရာသီမှာ VR မျက်မှန်နည်းပညာဖြင့် ၎င်းရဲ့နွားတွေကို စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက် အံ့သြစရာကောင်းလောက်အောင် သူ့ရဲ့နွားတွေဟာ တစ်နေ့ကို ပျှမ်းမျှ ၂၂ လီတာကနေ နို့ ၂၇ လီတာထိ ပိုထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

စမ်းသပ်မှုအောင်မြင်ခဲ့အပြီးမှာတော့ ခြံပိုင်ရှင်ဟာ VR မျက်မှန် ၁၀ ခုထပ်မံဝယ်ယူခဲ့တယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS