3 May 2024

ယနေ့နောက်ဆုံးရအချက်အလက်တွေအရ ထိုင်းနိုင်ငံရဲ့ ၇၆ ခရိုင်ထဲက ၂၁ ခရိုင်မှာ ရေကြီးရေလျံမှုနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ရေဘေးနဲ့ကြုံတွေ့နေတဲ့ခရိုင်တွေကို

အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေက အချိန်နှင့်တစ်ပြေးညီ ကယ်ဆေးရေး၊ ထောက်ပံ့ရေးတွေ ပြုလုပ်နေတာကို မြင်တွေ့ရပါတယ်။

 

 

စက်တင်ဘာလ ၂၅ ရက်နေ့မှာတော့ ၂၀၂၂ Miss grand ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်မယ့် စူခိုထိုင်းခရိုင်ကိုယ်စားပြု အလှမယ်ဟာ စူခိုထိုင်းခရိုင်တွင်း ရေဘေးနှင့် ကြုံတွေ့နေရတဲ့

ပြည်သူတွေကို အထောက်အပံ့ပစ္စည်းတွေ ပေးဝေနေတဲ့ ဗီဒီဖိုင်တစ်ခု ကို သူမရဲ့ဖေ့ဘွတ်မှာ တင်ခဲ့ပါတယ်။

 

ဗီဒီယိုထဲမှာ သူမဟာ မယ်ရွေးပြိုင်ပွဲမှာဝတ်တဲ့ဝတ်စုံနှင့် သရဖူတို့ကိုဆောင်းပြီး သူမခရိုင်မှာ ရေကြီးနေတဲ့အကြောင်းကိုပြောဆိုနေတာပဲဖြစ်ပါတယ်။

 

အွန်လိုင်းအသုံးပြုသူအချို့ကတော့ ကာလံဒေသံ နဲ့လိုက်ဖက်အောင်မနေတက်ဘူးဆိုတဲ့ စကားလုံးတွေနဲ့ သူမကို ဝေဖန်မှုမြင့်တက်နေပါတယ်။

SHARE THIS NEWS

OTHER NEWS