28 April 2024

,

ဘဝရဲ့နေ့ရက်တိုင်းမှာ လူသားတွေဟာ ပညာရေး၊ စီးပွားရေး၊ ငွေကြေး၊ အလုပ်အကိုင် စတဲ့ တွေးတောစရာကိစ္စတွေနဲ့ ပြည့်နှက်နေလေ့ရှိကြပါတယ်။ များသောအားဖြင့်က စိတ်ခံစားမှုတွေနဲ့ ခံစားချက်ပေါင်းများစွာနဲ့ ရင်ဆိုင်နေရတာပါ။ ပုစ္ဆာရှိရင် အဖြေရှိတယ်ဆိုတဲ့အတိုင်း စိတ်ဖိစီးမှုကို လျော့ချပေးနိုင်မယ့် နည်းလမ်းတွေကို သွားကြည့်လိုက်ကြရအောင်…

၁. ရုပ်ရှင်ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်းဖြင့်အပန်းဖြေပါ

စိတ်ဖိစီးမှုကိုချက်ချင်းမဖြေရှင်းနိုင်ပေမဲ့ စိတ်ဖိစီးမှုတွေကို ခဏတစ်ဖြုတ် လွတ်မြောက်အောင် လုပ်ပေးနိုင်တဲ့နည်းလမ်း ဖြစ်ပါတယ်။ ရုပ်ရှင်ကြည့်တာ၊ သီချင်းနားထောင်တာ စတာတွေက ဦးနှောက်ကို ကြည်လင်အောင် လုပ်ပေးနိုင်ပါတယ်။ ဦးနှောက်ကြည်လင်သွားတဲ့အခါ တွေးတောစရာရှိတာ လုပ်စရာရှိတာတွေလုပ်တဲ့အခါ ပိုပြီး ထိရောက်မှုရှိပါလိမ့်မယ်၊

၂. စိတ်ဖိစီးမှုလျော့ကျအောင်တရားထိုင်ပါ

စိတ်ဖိစီးမှုများနေခြင်းကြောင့် အခြားအရာတွေကိုလုပ်ချင်စိတ်မရှိဘဲဖြစ်နေပါလိမ့်မယ်။ စိတ်ဖိစီးမှုများတဲ့အခါ တရားထိုင်ပြီး ဝင်လေ-ထွက်လေ မှတ်ခြင်းက နှလုံးခုန်နှုန်းကို နှေးကွေးစေပြီး စိတ်ကို ပိုပြီးငြိမ်သက်စေပါလိမ့်မယ်။

၃.လေ့ကျင့်ခန်းလုပ်ပါ

စိတ်ဖိစီးမှုများနေတယ်လို့ခံစားနေရရင် လမ်းလျှောက်ထွက်တာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ စတာတွေကို လုပ်ကြည့်ပါ။ အနည်းဆုံးတစ်နေ့မိနစ် ၃၀၊ တစ်ပတ် ၃-၅ ရက်ခန့် လုပ်ပေးခြင်းက စိတ်ဖိစီးမှုကို အတိုင်းအတာတစ်ခုထိ လျှော့ချပေးနိုင်ပါတယ်။

  1. အချိန်ကိုသေချာခန့်ခွဲပါ 

အချိန်ကိုသေချာခန့်ခွဲနိုင်ရင် စိတ်ဖိစီးမှုကိုအတန်သင့်လျှော့ချနိင်ပါတယ်။ ဥပမာ – အလုပ်ကပြန်တာနှင့် မိသားစုနှင့်အတူနေ တာ အလုပ်ထဲကအကြောင်းတွေကို တတ်နိုင်သလောက်မတွေးတောတာ လုံလောက်အောင် အိပ်စက်တာ စတာတွေက စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။

၅.အတွေးအခေါ်ကိုပြောင်းပါ

သိပ္ပံဘာသာရပ်ဖြင့်ကြည့်ရမယ်ဆိုရင် စဉ်းစားတွေးတောတဲ့အခါ ဦးနှောက်က စဉ်းစားတွေးတောနေတဲ့ အကြောင်းအရာ အလိုက် ခန္ဓာကိုယ်ကိုတုံ့ပြန်ပါတယ်။  အဲဒီတော့ စိတ်ဖိစီးမှုများနေရင် ပြဿနာ၏ရှုထောင့်ကို ချိန်ညှိရန်ကြိုးစားခြင်းဖြင့် စိတ်ဖိစီးမှုကိုလျော့ချနိုင်ပါတယ်။ မိမိဟာ အကြီးအကဲတစ်ယောက်ဖြစ်ရင် သေးငယ်တဲ့ကိစ္စတွေကအစ လိုက်လံလုပ်ဆောင်ပေးနေစရာမလိုပါဘူး တာဝန်ယူနိုင်တဲ့သူကို ယုံယုံကြည်ကြည်ဖြင့်တာဝန်ပေးလိုက်ခြင်းကလည်း စိတ်ခံစားမှုနှင့် စိတ်ဖိစီးမှုကို လျော့ချပေးနိုင်ပါတယ်။

အချက်အလက်များအတွက်ကျေးဇူးတင်ပါသည်  : www.paolohospital.com

SHARE THIS NEWS

OTHER NEWS