29 April 2024

ထိုင်းအမျိုးသားတဦးက အသက် ၁၈ နှစ်အရွယ်မြန်မာအမျိုးသမီးတဦးကို အဓမ္မပြုကျင့်
.
ဩဂုတ် ၅ ရက်၊ ၂၀၂၃
.
လွန်ခဲ့သောရက်ပိုင်းတွင် ထိုင်းအမျိုးသားတဦးက အသက် ၁၈ နှစ်အရွယ်မြန်မာအမျိုးသမီးတဦးကို အတင်းအဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည်ဟု ရဲမင်းလူမှုကွန်ရက်အကောင့်က ယမန်နေ့ညတွင် ဖော်ပြ ထားသည်။
.
ထိုင်းနိုင်ငံ ဗန်ကောက်မြို့အနီး ဘန်ဂဒီ၊ စမဲဒမ်းနယ်မြေအတွင်းရှိ အလုပ်ရုံတရုံ၏ လူနေလိုင်းခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်မြန်မာအမျိုးသမား၏ခင်ပွန်းဖြစ်သူ အလုပ်ဆင်းနေချိန် နေ့လည် ၁ နာရီကျော်ခန့်တွင် ထိုင်းအမျိုးသား အခန်းတံခါးကို အတင်းတွန်းဖွင့်ပြီး အဓမ္မပြုကျင့်ခဲ့ သည်ဟု ဖော်ပြထားသည်။
.
နစ်နာသူအမျိုးသမီးက ပထမအကြိမ်ထွက်ပြေးစဉ် အခန်းပေါက်ဝတွင် ချော်လှဲကျရာ သံသယ တရား ခံက ဆံပင်ကိုဆောင့်ဆွဲပြီး အခန်းထဲခေါ်သွင်းကာ ဒုတိယအကြိမ် ထပ်မံပြုကျင့်နေစဉ် အမျိုးသမီးက ရှိသမျှ အားကုန်ရုန်းထွက်ပြီ အဝတ်မပါသောကိုယ်ခန္ဓာဖြင့် အခန်းပြင်ပသို့ထွက်ပြေး နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
.
နစ်နာသူက အော်ဟစ်ပြီးအကူအညီတောင်းခံခဲ့သော်လည်း ဘေးတခန်းကျော်တွင်နေထိုင်သော သံသ ယတရားခံ၏ ဦးလေးဖြစ်သူက သီးချင်းကို ဆောင်းယောက်အသံကျယ်လောင်စွာဖွင့်ပြီး အားပေးအား မြှောက်ပြုခဲ့သည်ဟု စစ်ဆေးတွေ့ရှိကြောင်း ဖော်ပြထားသည်။
.
ထို့နောက် သံသယတရားခံကိုဖမ်းဆီးနိုင်ရေး ကူညီပေးပါရန် ရဲမင်းဦးဆောင်သော MHAC အဖွဲ့ထံ ဆက် သွယ်လာခဲ့ပြီး လက်ရှိတွင် ယင်းအမှုအား LPN လူ့အခွင့်အရေးမြှင့်တင်ရေးဖောင်ဒေးရှင်းအပါအဝင် ထိုင်းအမျိုးသမီးရေးရာအဖွဲ့များနှင့် MHAC တို့က လက်တွဲပြီး ကူညီဆောင်ရွက်ပေးနေသည်ဟု ဖော်ပြ ထားသည်။
.
ကနဦးတွင် အရေးကြီးလိုအပ်သော ဆေးစစ်ချက်များပြုလုပ်ပြီး အမှုဖွင့်တိုင်ကြားထားကာ နစ်နာသူ မြန်မာတိုင်းရင်းသူအမျိုသမီးအား လိုအပ်သည့်ကာကွယ်စောင့်ရှောက်မှုများကို ပေးထားသည်ဟု ဖော် ပြထားသည်။
.
သံသယတရားခံဖြစ်သူ ထိုင်းအမျိုးသားမှာ ထွက်ပြေးလွတ်မြောက်နေသော်လည်း ၎င်း၏ထိုင်းမှတ် ပုံတင်နှင့် နေရပ်လိပ်စာတို့ကို ရရှိထာသည်ဟု ဆက်လက်ဖော်ပြထားသည်။
.
Photo: ရဲမင်း
.

SHARE THIS NEWS

OTHER NEWS