4 May 2024

,

မကြာသေးမီကမှ ထိုင်းဝန်ချုပ် ပရာယွတ်ကျန်အိုချာ ကိုယ်တိုင်လက်မှတ်ထိုး ထုတ်ပြန်ခိုင်းတဲ့ ပြည်သူများကို ကြောက်ရွံ့စိတ်ဖြစ်အောင် တင်ဆက်တဲ့သတင်းတွေကို စစ်ဆေးအရေးယူပေးဖို့ ထုတ်ပြန်စာတစ်စောင်ထွက်လာပြီနောက်ပိုင်းမှာ ထိုင်းနိုင်ငံရဲ့သတင်းမီဒီယာတွေမှာ ဝေဖန်တွေဖြစ်နေပြီး၊ သတင်းတွေတင်ဖို့ တွန့်ဆုတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါဟာ သတင်းနဲ့ပြည်သူတွေကို မျက်စိပိတ်၊ နားပိတ်၊ နှုတ်ပိတ်လာပြီးဟု တဟုန်ထိုးဝေဖန်ခဲ့ကြပါတယ်။

.

ထိုင်းသတင်းနဲ့မီဒီယာတွေဖြစ်ကြတဲ့ The Reporters, Voice, The Standard, The Momentum, THE MATTER, ประชาไท, Dem All, The People, way magazine, echo, PLUS SEVEN  တို့ဟာ

အဆိုပါထုတ်ပြန်ချက်ကို ရုံးတော်အနေဖြင့် စစ်ဆေးပေးရန် ဗန်ကောက်မြို့မှာရှိတဲ့ တရားမတရားစီရင်ရေးရုံးကို သွားရောက်တိုင်ကြားထားပြီး အဆိုပါထုတ်ပြန်ချက်ကို ရက်အနည်းဖြင့် ကြားနာရမည့်ရက်ချိန်းကို တရားရုံကသတ်မှတ်ပေးခဲ့ပါတယ်။

.

ထုတ်ပြန်ချက်စာအမှတ် ၂၉ ဖော်ပြချက်ထဲတွင်  (NBTC) ကော်ဆော်ထော်ချော်သည်၊ အများပြည်သူတွေ ထိတ်လန့်စေသောသတင်းများကို တင်သောဌာနများကို စိစစ်၍ “အင်တာနက်” ဖြတ်ထောက်ပေးရန်ဟု အမိန့်အာဏာပေးခဲ့ပါသည်။

.

ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာရှိတဲ့ တရားမတရားစီရင်ရေးရုံးက ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်ချက်စာအမှတ် ၂၉ ကို ပယ်ချခဲ့ပါသည်။ ပြည်သူကိုအထိတ်တလန့်ဖြစ်အောင် သတင်းထုတ်ပြန်ခြင်းကို တားမြစ်ရာမှာလဲ ထင်ရှားတဲ့ဖော်ပြချက်တွေမရှိသလို၊ အများပြည်သူ၏ လွတ်လပ်ခွင့်ကိုလဲ ပိတ်ပင်နေသလို သက်ရောက်တယ်ဟု တရားမတရားစီရင်ရေးရုံက ကောက်နှုတ်ချက်ချခဲ့သည်။

.

နောက် ဒုတိယအချက်ကတော့ (NBTC) အနေနဲ့ “အင်တာနက်” အသုံးပြုခွင့်ကို ဆိုင်းငံ့ထားနိုင်လောက်တဲ့ အမိန့်အာဏာတွေ အရေးပေါ်ထုတ်ပြန်ချက်ထဲမှာ ထိုင်းဝန်ကြီးချုပ်ကိုလဲ ခွင့်ပြုချက်တွေ ပေးထားတာမရှိကြောင်း၊ လက်ရှိကာလမှာ အင်တာနက်သည် ဆက်သွယ်မှုဆိုင်ရာလုပ်ငန်း၊ အများပြည်သူရဲ့နေထိုင်မှုအခြေအနေနဲ့ အကျပ််အတည်းကာလမှာ အလွန်အရေးပါတာမို့ ပိတ်ပင်တားမြစ်သူသည်။ ဉပဒေကို ချိုးဖောက်ရာရောက်သည်ဟု ရှေ့နေ Noraset Na Nongtoom ကဆိုသည်။

.

နောက်ဆုံးအချက်ကတော့ ၄င်းထုတ်ပြန်ထားသည့် ယာယီဆိုင်းငံ့ထားခြင်း အမိန့်သည်။ အုပ်ချုပ်ရေးစနစ်တိုးတက်နေသည့်ဘက်ကို ဦီးတည်နေတာမဟုတ်ဘဲ၊ ပျက်စီးခြင်းတွေနဲ့နောက်ပြန်ဆုတ်နေတာနဲ့တူသည်ဟု ဆိုသည်။ သတင်းမီဒီယာနှင့်ဆိုင်သောလုပ်ငန်းများကို အစိုးရအနေဖြင့် ထိန်းချုပ်လိုပါက မဟုတ်မမှန်သတင်းများကို တင်သောအွန်လိုင်းမီဒီယာများကိုသာ ကွန်ပျူတာဉပဒေဖြင့် အရေးယူဆောင်ရွက်ခွင့်ရှိသာရှိပါသည်။ ‘ဟု ရှေ့နေ Noraset Na Nongtoom ကထုတ်ဖော်ပြောကြားသည်

เรื่องฮอตในรอบสัปดาห์

မဲဆောက်တွင် မြန်မာဘက်သို့ရောင်းချမည့် တရားမဝင်ဆင်းမ်ကတ် ၄ ထောင်ကျော် ဖမ်းမိ

SHARE THIS NEWS

OTHER NEWS