29 April 2024

စက်တင်ဘာ ၃ ရက်၊ ၂၀၂၁

 

ဆေးရုံ၌ဆေးကုသမှုခံယူခြင်းမရှိသေးသော ရောဂါလက္ခဏာပြသည့်လူနာများအတွက် PF-07321332 ကိုဗစ်-၁၉ ဗိုင်းရပ်စ်တားဆေးပြားကို

ဖိုက်ဇာ (pfizer) မှစမ်းသပ်နေသည်ဟု ထုတ်ပြန်ထားသည်။

 

လတ်တလောတွင် အဆိုပါဆေးပြားကို လူနာ ၁,၁၄၀ ဦးတွင်စမ်းသပ်လျက်ရှိပြီး ယခုစမ်းသပ်မှုတွင် Ritonavir ဆေးကိုပါပူးတွဲတိုက်ကျွေး

သည်ဟုဆိုသည်။ လက်ရှိ စမ်းသပ်မှုသည် အဆင့် ၂ နှင့် အဆင့် ၃ တွင်ရောက်ရှိနေပြီဟု ဖော်ပြထားသည်။

 

PF-07321332 ဆေးသည် ရောဂါပျံ့နှံ့မှုပြုရန်အတွက် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးမှကိုယ်ပွားထုတ်လုပ်ရာတွင် အသုံးပြုရသည့် အင်ဇိုင်း၏

လုပ်ဆောင်ချက်ကို ဟန့်တားပေးသည်ဟု ဖိုက်ဇာကဆိုသည်။

 

စမ်းသပ်မှုအောင်မြင်ခဲ့လျင် PF-07321332 ဆေးကိုအရေးပေါ်အခြေအနေတွင်အသုံးပြုနိုင်ရန်အတွက်ယခုနှစ်စတုတ္ထသုံးလပတ်တွင်

အမေရိကန်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးရုံး (FDA) ထံ ခွင့်ပြုချက်ရယူသွားမည်ဟု ဖိုက်ဇာကဆိုသည်။

SHARE THIS NEWS

OTHER NEWS