26 April 2024

,

အားလပ်ချိန်မှာ ရုပ်ရှင်ကြည့်ခြင်းကို အနည်းနှင့်အများကတော့ ကြိုက်နှစ်သက်ကြမှာပါ ရုပ်ရှင်တွေထဲမှာဆို အချစ်ဇတ်လမ်း၊ ဒရာမာဇတ်လမ်း၊ အက်ရှင်၊ ထိတ်လန့်ခြောက်ခြားစရာကောင်းတဲ့ဇတ်ကားတွေ စသည်ဖြင့် အစားစားကွဲပြားခြားနားစွာ ရှိကြပါတယ်။  ဒီနေ့တော့ သွေးအမျိုးအစားအလိုက် ရုပ်ရှင်တွေကပြောတဲ့ အကျင့်စရိုက်တွေကို သွားကြည့်လိုက်ကြရ အောင်နော်…

သွေးအုပ်စု 

A သွေးပိုင်ရှင်တွေက အကဲဆတ်တဲ့သူတွေဖြစ်ကြပါတယ်၊ ရုပ်ရှင်ကြည့်တဲ့အခါ အလိုအလျောက်ငိုတတ်ကြတယ် ဝမ်းနည်းစရာမြင်ကွင်းတွေ့တာနဲ့ကို မျက်ရည်ကျတတ်နေတဲ့သူတွေဖြစ်ပါတယ်၊ ဒါကလည်းကောင်းတဲ့စိတ်ခံစားချက် တစ်ခုလို့ပြောလို့ရပါတယ်၊ ဇတ်ကောင်တွေကိုကြည့်ပြီး ငိုတတ်ခြင်းက အပြင်မှာသူတို့ဟာ တစ်ပါးသူရဲ့စိတ်ခံစားချက်ကို အလေးပေးတဲ့သူတွေမို့လို့ဖြစ်ပါတယ်။

သွေးအုပ်စု 

B သွေးပိုင်ရှင်တွေက စိတ်မရှည်ကြတဲ့သူတွေများပါတယ် ရုပ်ရှင်ကြည့်တဲ့အခါမှာ အဆုံးသတ်ကိုအရင်တွေးလေ့ရှိတယ်။ သူတို့မှန်းထားတဲ့အတိုင်းဖြစ်မလာခဲ့ရင်လည်း စိတ်ကသီးကအောင့် ဖြစ်တတ်ကြတဲ့သူတွေပါ၊ ရုပ်ရှင်ကြည့်တဲ့အခါမှာလည်း ၁၅ မိနစ်ထက်ကျော်ပြီး ကြည့်လေ့မရှိတဲ့သူတွေပါ။

AB သွေးအုပ်စု 

AB သွေးပိုင်ရှင်တွေက ရုပ်ရှင်ကြည့်တဲ့အလေ့အထနည်းတဲ့သူတွေပါ။ ရုပ်ရှင်ကြည့်ရတာကို မနှစ်သက်ကြဘူး  အများအားဖြင့်တော့ ရုပ်ရှင်ကြည့်ရတာကို မကြိုက်တာထက် တစ်ခုခုကို အချိန်အကြာကြီးပေးရမှာကို စိတ်မရှည်တဲ့သူတွေပါ။ သူတို့ကြည့်ဖြစ်တဲ့ ရုပ်ရှင်ဇတ်ကားတွေဆိုရင်တော့ ကြည့်ပြီးတာနဲ့ အသေးစိတ်အချက်အလက်ကို ရှာဖွေပြီး စူးစမ်းလေ့လာတတ်တဲ့သူတွေဖြစ်ပါတယ်?

သွေးအုပ်စု 

O သွေးပိုင်ရှင်တွေကတော့ လွတ်လပ်မှုကို ကြိုက်နှစ်သက်ကြတယ် ပြီးတော့ ရုပ်ရှင်ကြည့်တဲ့အခါမှာ အရသာခံပြီး ကြည့်လေ့ရှိပါတယ်။ သူတို့တွေဟာ အပြင်မှာတော့ အလုပ်တစ်ခုလုပ်ပြီဆိုရင် အလေးအနက်ထားပြီးလုပ်တတ်ကြသူတွေပါ။

SHARE THIS NEWS

OTHER NEWS