29 April 2024

ဓာတ်ပုံ Royal Thai Embassy in Yangon

 

အောက်တိုဘာ ၁၉ ရက်၊ ၂၀၂၁

 

ထိုင်းတော်ဝင်မင်းသမီး သီရိတုံချီးမြှင့်သည့် ၂၀၂၁ ခုနှစ် အာဆီယံအကောင်းဆုံးကျောင်းဆရာဆုကို လာရှိုးမြို့မှ ဆရာဦးကျော်ဇင်အောင် ရရှိ။

 

 

ထိုင်းဘုရင် မဟာဝီဇယ လောင်ကွန်းနှင့်ညီမတော်စပ်သူ ထိုင်းတော်ဝင်မင်းသမီး သီရိတုံ (Princess Maha Chakri Sirindhorn) ချီးမြှင့်သည့် ၂၀၂၁ ခုနှစ် အာဆီယံအကောင်းဆုံးကျောင်းဆရာဆု (ASEAN’s Outstanding Teacher Award) ကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ ဉီကျော်ဇင်အောင် (Alex) ရရှိသွားခဲ့ပြီး သီရီတုံကိုယ်စား ရန်ကုန်မြို့အခြေစိုက် ထိုင်းသံအမတ်ကြီး H.E. Mrs. Suphatra Srimaitreephithak မှ သွားရောက်ချီးမြှင့်ခဲ့သည်ဟု 36 Myanmar Channel တွင် ဖော်ပြထားသည်။

 

 

ဦးကျော်ဇင်အောင်သည် လားရှိုးမြို့အထက်တန်းကျောင်းတွင် အင်္ဂလိပ်ဘာသာစာပြဆရာတစ်ဦးဖြစ်သည်ဟု ဆိုသည်။

 

 

ကျောင်းသူကျောင်းသားများအပေါ် စေတနာအပြည့်အဝဖြင့်သင်ကြားပေးသူ၊ သင်ကြားမှုထူးချွန်သူ၊ လူမှုအဖွဲ့အစည်း၏လိုအပ်ချက်များကို ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံကြိုးပမ်းနေသူဆရာများကိုချီးမြှင့်ပေးသည့်ဆုဖြစ်သည်ဟု သိရသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS