28 April 2024

သကြားအစားထိုး အက်စပါတိမ်းဓာတ်ကို ကင်ဆာဖြစ်စေသော ဓာတုပစ္စည်းအဖြစ် သတ်မှတ်ရန် ပြင်ဆင်
.
ဇူလိုင် ၄ ရက်၊ ၂၀၂၃
.
သကြားအစားထိုး အက်စပါတိမ်းဓာတ် (Aspartame – C14H18N2O5)ကို ကင်ဆာဖြစ်စေသော ဓာတုပစ္စည်း အဖြစ် ယခုလထဲတွင် သတ်မှတ်ရန် ကမ္ဘာ့ကျန်းမာရေအဖွဲ့ချုပ် (WHO) လက်အောက်ရှိ ကမ္ဘာ့ကင်ဆာ သုတေသနအဖွဲ့ချုပ်က (IARC) ပြင်ဆင်နေသည်ဟု ရိုက်တာသတင်းဌာန က ဖော်ပြထားသည်။
.
အက်စပါတိန်းဓာတ်ကို သကြား 0% အချိုရည်များ၊ လက်ဖက်အချိုရည်၊ သစ်သီးဖျော်ရည်၊ သကြားမပါသောပီ‌ကေ စသည့်အစားအသောက်နှင့်ဖျော်ရည်အမျိုးမျိုးတွင် သကြားအစားထိုး အချိုဓာတ်အတု အဖြစ်အသုံးပြုလျှက်ရှိသည်ဟု ဖော်ပြထားသည်။
.
Diet Coke တွင် ပုံမှန် Coca-Cola (coke) ထက် ကယ်လိုရီနည်းပြီး သကြားပါဝင်ခြင်းမရှိဘဲ အချိုဓာတ် အတုများဖြစ်သော aspartame နှင့် cyclamates တို့ကို အသုံးပြုထားသည်။
.
ကိုယ်အလေးချိန်လျှော့ချရန်၊ ကိုယ်အလေးချိန်ထိန်းရန် အတွက် ပုံမှန် Coke အစား Diet Coke က ပို၍ ကျန်းမာရေးနှင့်ညီညွတ်သည်ဟု ထင်သောကြောင့် လူအချို့က Diet Cokeကို ရွေးချယ် သောက်ကြသည် ကို တွေ့ရှိရသည်။
.

SHARE THIS NEWS

OTHER NEWS