9 May 2024

သီရိလင်္ကာတွင် ကျောက်တည်လူနာတစ်ဦး၏ဝမ်းတွင်းမှ ကမ္ဘာအကြီးဆုံးကျောက် ခွဲထုတ်
.
ဇွန် ၁၅ ရက်၊ ၂၀၂၃
.
သီရိလင်္ကာနိုင်ငံတွင် ကျောက်တည်လူနာတစ်ဦး၏ဝမ်းတွင်းမှ ကမ္ဘာ့အလေးချိန်အများဆုံးနှင့်အလျား အရှည်ဆုံးကျောက်တစ်လုံးကို ခွဲထုတ်ပေးခဲ့ရသည်ဟု သီရိလင်္ကာစစ်ဆေးရုံမှ ပြီးခဲ့သော ဇွန်လ ၁ ရက် နေ့တွင် ထုတ်ပြန်ထားကြောင်း PPTVHD36 သတင်းဌာနက ဖော်ပြထားသည်။
.
အဆိုပါ ကျောက်သည် အလေးချိန်ရော အလျားမှာပါ ဂင်းနစ်စံချိန်တင်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
.
ယင်းကျောက်၏အလျားမှာ ၁၃.၃၇၂ စင်တီမီတာရှိပြီး အလေးချိန်မှာ ၈၀၁ ဂရမ်လေးလံ ကာ ပြီးခဲ့သော ၂၀၀၄ ခုနှစ်က အိန္ဒိယနိုင်ငံတွင်တွေ့ရှိခဲ့သော ၁၃ စင်တီမီတာရှည်လျား သောကျောက်ကို စံချိန်ချိုးနိုင် ခဲ့ကာ ၂၀၀၈ ခုနှစ်တွင် ပါကစ္စတန်နိုင်၌တွေ့ရှိခဲ့သော ၆၂၀ ဂရမ် လေးလံသောကျောက်ကိုလည်း စံချိန် ချိုးနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
.
Photo: PPTVHD36
.

SHARE THIS NEWS

OTHER NEWS