26 April 2024

ကလေးအရွယ်တုန်းက မိဘတွေဆူမှာဆိုးလို့ လုပ်ခဲ့ဖူးတဲ့ အမှားတွေကို မိဘတွေမသိအောင် ဖုံးဖိပြီး နေခဲ့ကြဖူးသူတွေ ရှိမှာပါ။ အဲဒီထဲမှာ အခုဖေါ်ပြမယ့် တရုတ်လူငယ်တစ်ဦး အပါအဝင်ဖြစ်ပါတယ်။

 

သူဟာ ကလေးအရွယ်တုန်းက ကစားရင်း ဝီစီတစ်ခုကို မျိုချမိခဲ့ရာက မိဘတွေဆူမှာဆိုးလို့ မဖွင့်ပြောခဲ့ဘဲ နှစ် ၂၀ ကျော်ကြာတဲ့အချိန်မှ အဆုတ်မကောင်းရာက ဆရာဝန်ထံသွားပြခဲ့တဲ့အချိန်မှာ လည်ပြွန်မှာ အရာဝတ္ထုတစ်ခုတွေ့ရှိပြီး ခွဲစိတ်မှုပြုလုပ်ခဲ့ရတာ ဖြစ်တယ်လို့သိရပါတယ်။

 

 

ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံ ရှင်ကျင်းပြည်နယ်မှာ ဖြစ်ခဲ့တာပါ။ အသက် ၂၆ နှစ် အရွယ် တရုတ်နိုင်ငံသားတစ်ဦးဟာ အသက် ၆ နှစ်အရွယ်မှာ အခြားကလေးတွေနဲ့ ကစားရင်း အရုပ်ထဲက ဝီစီကိုဖြုတ်ထုတ်ခဲ့ပြီး ပါးစပ်ထဲ ထည့်မှုတ် ကစားခဲ့ရင်းက မျိုချမိခဲ့ကာ ဝီစီဟာ လည်ပြွန်မှာ နှစ် ၂၀ ကျော် တစ်နေခဲ့တာပါ။

 

သူဟာ မိဘတွေဆူမှာဆိုးလို့ အဲဒီအကြောင်းကိုငယ်ငယ်ကတည်းက ဘယ်သူ့ကိုမှ ဖွင့်မပြောဖြစ်ခဲ့ဘူးလို့ တရုတ်မီဒီယာတစ်ခုမှာ ဖေါ်ပြထားပါတယ်။

 

 

သူ့အသက် အသက် ၂၆ နှစ်အရွယ် ရောက်မှ အဆုတ်မကောင်းတော့ရာက ဆရာဝန်ထံသွားပြခဲ့ရာမှ သူကအဲဒီအကြောင်းကို သတိရကာ ဆရာဝန်ကိုပြောပြခဲ့ပြီး ခွဲစိတ်မှုပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

 

ဆရာဝန်ကိုယ်တိုင်ကလည်း တရုတ်လူငယ်ပြောပြစဉ်က မယုံခဲ့ဘူးလို့ဆိုပါတယ်။ အဲဒီနောက် ဓာတ်မှန်ရိုက်ကြည့်ခဲ့ရာ ဝီစီကို တွေ့ရှိခဲ့ကာ ခွဲစိတ်မှုပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

 

သူ့ကိုခွဲစိတ်မှုပြုလုပ်ပေးခဲ့တဲ့ဆရာဝန်က “ဝီစီက အဝိုင်းသဏ္ဍန်ဖြစ်နေလို့အရမ်းကိုကံကောင်းပါတယ် မဟုတ်ရင်တော့ သူ့အတွက်အရမ်းကို စိုးရိမ်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ…အရင်ကအာရှသားတွေဟာ ကလေးကိုထိန်းကျောင်းတဲ့အခါ ဆူပူအော်ငေါက်ကြတယ် အဲဒီအချက်ကြောင့် ဒီလို ဖြစ်ရပ်မျိုး မဖြစ်သင့်ဘဲ ဖြစ်ခဲ့ရတာ” လို့သတိပေးပြောခဲ့ပါတယ်။

 

SHARE THIS NEWS

OTHER NEWS