26 April 2024

ကျူလာဖော်တော်ဝင်ဆေးရုံမှ လာမည့်ဩဂုတ် ၁၁ ရက်နေ့ နံနက် ၀၈.၁၈ နာရီအချိန်တွင် စိုင်နိုဖာမ် ကိုဗစ်-၁၉ ကာကွယ်ဆေးတတိယအသုတ် ဦးရေ ၁ သိန်းအတွက် ကာကွယ်ဆေးထိုးနှံလိုသည့်ထိုင်းနိုင်ငံသားများနှင့်ရွှေ့ပြောင်းလုပ်သားများအား ကြိုတင်အမည်စာရင်းလက်ခံသွားမည်ဟု ကြေညာထားသည်။

လာမည့်ဩဂုတ်လ ၁၁ ရက်နေ့ (၂၀

၂၁) တွင် အများပြည်သူအား စိုင်နိုဖာမ်ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအသုတ်ဦးရေး ၁ သိန်းအတွက် ကြိုတင်အမည်စာရင်းလက်ခံသွားမည်ဖြစ်ပြီး ထိုင်းပြည်သူများအပါအဝင် ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများကိုပါ လက်ခံသွားမည်ဟု ဖော်ပြထားသည်။

 

ဩဂုတ် ၁၁ ရက်နေ့ (၂၀၂၁) နံနက် ၀၈.၁၈ နာရီအချိန်တွင် မှတ်ပုံတင်စာရင်းသွင်း (Register) နိုင်မည် ဟုဖော်ပြထားပြီး မှတ်ပုံတင်ပြီးနောက် အဆိုပါနေ့ရက် နေ့လယ် ၁၄.၀၀ နာရီအချိန်တွင် ကာကွယ်ဆေး ထိုးနှံရန်ကြိုတင်စာရင်းပေးခြင်း (Booking) ကို

ထပ်မံလုပ်ဆောင်ရမည်ဟု ဆိုသည်။

 

တတိယအသုတ်တွင် မှတ်ပုံတင်ထားသူများ(Register) သည် လာမည့် ဩဂုတ်လ ၁၁ ရက်နေ့ နေ့လယ် ၁၄.၀၀ နာရီအချိန်မှစပြီး လာမည့်ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၁၈.၀၀ နာရီအချိန်အတွင်း ကာကွယ်ဆေးထိုးနှံရန်ကြိုတင်စာရင်းပေးခြင်း(Booking) လုပ်

ငန်းစဉ်ကို ဆက်လက်ပြုလုပ်ရမည်။ ထိုသို့ကြိုတင်စာရင်းပေးရာတွင် ကာကွယ်ဆေးထိုးနှံလိုသည့်ဆေးရုံ နှင့် နေ့ရက်တို့ကိုရွေးချယ်ရမည်ဖြစ်ပြီးတပါတည်း ငွေပေးချေထားရမည်ဟု ညွှန်ကြားထားသည်။ ပျက်ကွက်ခဲ့လျှင် မှတ်ပုံတင်ထားသည့်အမည်စာရင်းကို

ပယ်ဖျက်ခြင်းခံရမည်ဟုဖော်ပြထားပြီး နောက်ထပ်အသုတ်များတွင်ထိုးနှံလိုပါက ထပ်မံမှတ်ပုံတင်ရမည် ဟု ဆိုသည်။

 

ကျူလာဖော်တော်ဝင်ဆေးရုံဝဘ်ဆိုက် https://sinopharm.cra.ac.th နှင့် CRA SINOP (iOS နှင့် Android) အမည်ရှိအပ်လီကေးရှင်းတွင်ဝင်ရောက်ပြီး ကြိုတင်စာရင်းပေးရမည်ဟု ဆက်လက်ဖော်ပြထားသည်။

 

ဆက်လက်ပြီး စိုင်နိုဖာမ်ကာကွယ်ဆေး ၂ ချောင်းစာအတွက် ၁,၅၅၄ ဘတ် (၁ ချောင်းလျှင် ၇၇၇ ဘတ်) သတ်မှတ်ထားပြီး ကာကွယ်ဆေး ၂ ချောင်းရောင်းထွက်တိုင်း ကျူလာဖော်တော်ဝင်ဆေးရုံမှ အခက်အခဲရှိသူများအတွက် ကာကွယ်ဆေး ၁ ချောင်း၏

တစ်ဝက်ဈေးနှုန်းကိုထပ်ပေါင်းပြီးလှူဒါန်းသွားမည်ဟု ဆိုသည်။

 

စည်းကမ်းချက်များအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကိုတစ်ကြိမ်မျှထိုးနှံထားခြင်းမရှိသေးသူဖြစ်ရမည်၊ ကာကွယ်ဆေးထိုးနှံရန်အဆင်သင့်ဖြစ်သူဖြစ်ရမည်၊ ကာကွယ်ဆေးထိုးနှံမည့်သူ၏မှတ်ပုံတင်နံပါတ်ဖြင့်သာမှတ်ပုံတင်ရမည်၊ ရွှေ့ပြောင်းလုပ်သားများသည် ပတ်စပို့နံပါတ် သို့မဟုတ် ပန်းရောင်ဘတ်ကတ်နံပါတ် ၁၃ လုံးဖြင့်မှတ်ပုံတင်ရမည်၊ ငွေပေးချေပြီးနောက် လူအပြောင်းအလဲပြုလုပ်နိုင်ခြင်းမရှိ၊ ထိုးနှံလိုသည့်နေ့ရက်ကို သတ်မှတ်ဆေးရုံများတွင် ဩဂုတ်လ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၅ ရက် (၂၀၂၁) နေ့ကာလအတွင်းရွေးချယ်နိုင်သည်ဟု ဖော်ပြထားသည်။

 

ရွေးချယ်နိုင်သည့်ဆေးရုံများကို မြို့တော်ဗန်ကောက်နှင့်အနီးအနားခရိုင်များတွင် ၁၆ ခု၊ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ၄ ခု၊ ထိုင်းနိုင်ငံအလယ်ပိုင်းတွင် ၉ ခု၊ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းတွင် ၉ခု၊ ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် ၆ ခု သတ်မှတ်ထားသည်ဟု ဆိုသည်။

SHARE THIS NEWS

OTHER NEWS