6 May 2024

,

ပိုက်ဆံအိတ်အသစ်ဝယ်ဖို့ စိတ်ကူးထားကြတဲ့သူတွေရှိလား? ဒါမှမဟုတ် တစ်ယောက်ယောက်ကို ပိုက်ဆံအိတ် ဝယ်ပေးဖို့ စဉ်းစားနေတာရှိကြလား?  ပိုက်ဆံအိတ်အရောင်တိုင်းမှာလည်း နေ့နာမ်အလိုက် အကျိုးပေးတဲ့ အရောင်တွေရှိပါတယ်၊ ဒါကြောင့် ဒီနေ့‌နေ့နာမ်အလိုက် ပိုက်ဆံအိတ်ရွေးချယ်နည်းကို ဖေါ်ပြပေးလိုက်ပါတယ် နော်။

တနင်္ဂနွေသားသမီးများ

တနင်္ဂနွေသားသမီးတွေဟာ အပြာရောင်၊ အမည်း‌ရောင် စတဲ့ ပိုက်ဆံအိတ် သုံးဖို့မသင့်တော်ပါဘူး။ ကံဇာတာ တက်ဖို့အတွက်ဆိုရင် အညိုရောင်၊ အစိမ်းရောင် စတဲ့ ပိုက်ဆံအိတ်ကို အသုံးပြုသင့်ပါတယ်။

တနင်္လာသားသမီးများ

တနင်္လာသားသမီးတွေအနေနဲ့ကတော့ အနီရောင်၊ တိရိစ္ဆာန် သားရေ နဲ့ပြုလုပ်ထားတဲ့ ပိုက်ဆံအိတ်တွေကို ရှောင်ရှားသင့်ပါတယ်။ ကံဇာတာ တက်ဖို့ဆိုရင် အညိုရောင် မသို့မဟုတ် ခရမ်းရောင် ပိုက်ဆံအိတ်ကို အသုံးပြု သင့်ပါတယ်။

အင်္ဂါသားသမီးများ

အင်္ဂါသားသမီးတွေနဲ့ အညိုရောင်၊ အသားရောင် စတဲ့ပိုက်ဆံအိတ်တွေနဲ့ မလိုက်ဖက်ပါဘူး၊ ကံဇာတာ တက်ဖို့အတွက်ဆိုရင် တော့ ပန်းရောင် သို့မဟုတ် လိမ္မော်ရောင် ပိုက်ဆံအိတ်တွေကို အသုံးပြုသင့်ပါတယ်။

ဗုဒ္ဓဟူးသားသမီးများ

ဗုဒ္ဓဟူးသားသမီးတွေနဲ့ အမည်းရောင်၊ ပန်းရောင် စတဲ့ပိုက်ဆံအိတ်တွေနဲ့ မလိုက်ဖက်ပါဘူး။ ကံဇာတာ တက်ဖို့အတွက်ဆိုရင်တော့ အသားရောင် အညိုရောင်စတဲ့ပိုက်ဆံအိတ်တွေ အသုံးပြုသင့်ပါတယ်။

ကြာသပတေးသားသမီးများ

ကြာသပတေးသားသမီးတွေနဲ့ အမည်းရောင်ပိုက်ဆံအိတ်နဲ့မလိုက်ဖက်ပါဘူး၊ ကံဇာတာ တက်ဖို့အတွက် ဆိုရင်တော့ အခြားအရောင်ပိုက်ဆံအိတ်တွေကို အသုံးပြုသင့်ပါတယ်။

သောကြာသားသမီးများ

သောကြာသားသမီးတွေနဲ့ လိုက်ဖက်တဲ့ပိုက်ဆံအိတ်ကတော့ အရောင်ဖျော့တဲ့ ပိုက်ဆံအိတ်တွေဖြစ်ပါတယ်။ ကံဇာတာတက်ဖို့အတွက်တော့ ငွေရောင်ပိုက်ဆံအိတ်အသုံးပြုသင့်ပါတယ်။

စနေသားသမီးများ

စနေသားသမီးတွေအနေနဲ့ အစိမ်းရောင်၊ အညိုရောင် သို့မဟုတ် ဟောင်းနွမ်းနေတဲ့ ပိုက်ဆံအိတ်တွေအသုံး အပြုသင့်ပါဘူး။ စနေသားသမီးတွေအနေနဲ့ အခြားနေ့နာမ်တွေနဲ့မတူတဲ့ ပိုက်ဆံအိတ်တွေကို ကံဇာတာ တက်ဖို့အတွက် ရွေးချယ်အသုံးပြုသင့်ပါတယ်။

เรื่องฮอตในรอบสัปดาห์

လှပပြီး တင်းရင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အဆီတွေကို လောင်ကျွမ်းစေမယ့် အစားအစာ (၆) မျိုး

SHARE THIS NEWS

OTHER NEWS