26 April 2024

,

■မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ကြန့်ကြာနေတဲ့ ကွင်းလယ်လူလင်ဂတ်ကို နောက်တစ်ကြိမ်ကမ်းလှမ်းမှုကိုပယ်ချခဲ့မယ်ဆိုရင် လာမယ့် ဇန်နဝါရီ မှာ အသင်းကနေ ရောင်းထုတ်သွားဖို့စဉ်းစားနေတယ်လို့ ဗြိတိန်သတင်းစာ The Sun ကဖော်ပြပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လင်ဂတ်အတွက်ပြောင်းရွှေ့ကြေးကို ပေါင် ၁၅သန်းသတ်မှတ်ထားပြီး လင်ဂတ်ကို ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့အသင်းတွေအနေနဲ့ ခေါ်ယူဖို့အဆင့်သင့်ရှိနေပါတယ်။ လင်ဂတ်ကို မန်ချက်စတာယူနိုက်တက်က တစ်ပတ်လုပ်ခလစာ ပေါင် ၁၃၅၀၀၀ ဝန်းကျင်နဲ့ စာချုပ်သစ်ဆက်ချုပ်ဖို့ အတွက်ကမ်းလှမ်းထားပြီးဖြစ်ပါတယ်။

လင်ဂတ်ဟာလာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့အတူတူဝင်ရောက်ယှဉ်ပြိုင်ခွင့် အတွက် ပုံမှန်ပွဲထွက်ခွင့်ရမယ့်အသင်းကိုပြောင်းရွှေ့ကစားချင်နေတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက် ဟာ လင်ဂတ်အတွက်ပုံမှန်ပွဲထွက်ခွင့်ကို အာမခံမခံနိုင်တာဖြစ်ပါတယ်။

လင်ဂတ်ကိုပြီးခဲ့တဲ့ နွေရာသီက ဝက်စ်ဟမ်းအသင်းကခေါ်ယူဖို့အတွက်ကြိုးစားခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းကသတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၂၅သန်းကြောင့် လက်လွတ်ခဲ့တာဖြစ် ပါတယ်။ လင်ဂတ်ကို လက်စတာအသင်းနဲ့နယူးကာဆယ်အသင်းကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

SHARE THIS NEWS

OTHER NEWS