26 April 2024

,

ထပ်မံကူးစက်မှုများနေတဲ့ ကိုဗစ်ကူးစက်ရောဂါနှင့် ကိုဗစ်မျိုးကွဲဗိုင်းရပ်သစ်အိုမီခရွန် ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ရန် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက နှစ်သစ်ကူးရုံးပိတ်ရက်မှာ ရပ်ဝေးသို့ ခရီးသွားခဲ့တဲ့သူတွေကို ၇ ရက် အလုပ်နားခိုင်းပြီးမှ အလုပ်ပြန်ဆင်းခိုင်းရန် သင့်တော်ကြောင်း ကျန်းမာရေးဝန်ကြီးနှင့်ဒုဝန်ကြီးအနုထင်ကို တင်ပြခဲ့ပါတယ်။

 အဆိုပါတင်ပြချက်ကို ကျန်းမာရေးဝန်ကြီးနှင့်ဒုဝန်ကြီးအနုထင်အနေနဲ့ လာမည့်ရက်အနည်းငယ်အတွင်း ကျင်းပမယ့် ဝန်ကြီးများအစည်းအဝေးမှာထည့်သွင်း ဆွေးနွေးရန်မျှော်လင့်ကြောင်း ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန၏ ဒုဝန်ကြီးဖြစ်သူ Mr. Satit Pitutecha ကဆိုပါတယ်။

ကျန်းမာရေးဝန်ကြီးနှင့် ဒုဝန်ကြီးအနုထင် အနေနဲ့ နှစ်သစ်ကူးရုံးပိတ်ရက်အလွန်မှာ Work from Home အစီအစဉ်တွေထည့်သွင်းစဉ်းစားထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ထပ်မံသတ်မှတ်ပြီး ပြန်လည်အကဲခတ်ရမယ့် စည်းကမ်းချက်တွေကိုတော့ အခြေအနေအလိုက် သင့်လျော်သလို ထုတ်ပြန်သွားမှာဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ ပထမအစီအစဉ်အနေနဲ့ အစိုးရဝန်ထမ်းတွေကို နှစ်သစ်ကူးရုံးပိတ်ရက် အလွန်မှာ Work from Home လုပ်ခိုင်းရန် စီစဉ်ထားပြီးပြီဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့ ကူးစက်ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်ရန် အစိုးရနှင့် လက်တွဲပါဝင်ဖြစ်ခဲ့ရင် ကူးစက်ရောဂါကို ပိုပြီးထိန်းချုပ်ကိုင်တွယ်ရ လွယ်ကူမှာ ဖြစ်ကြောင်း၎င်းက ပြောခဲ့ပါတယ်။

နှစ်သစ်ကူးကာလမှာ ရပ်ဝေးခရီးသွားခဲ့တဲ့သူတွေကို Work from Home လုပ်ခိုင်းရန် ကျန်းမာရေးဝန်ကြီးနှင့် ဒုဝန်ကြီးအနုထင်ကို အဆိုတင်သွင်းခဲ့တဲ့အပေါ် ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန၏ ဒုဝန်ကြီးဖြစ်သူ Mr. Satit Pitutecha ကို မီဒီယာတွေကမေးမြန်းခဲ့ရာမှာ Mr. Satit Pitutecha က ကိုဗစ်နှင့်ကိုဗစ်မျိုးကွဲသစ်အိုမီခရွန်း ကူးစက်ခံထားရတဲ့ လူနာအခြေအနေပေါ်မူတည်ပြီး အနည်းဆုံး ၁၀ ရက် Work from Home လုပ်ရန် သတ်မှတ်သင့်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

နှစ်သစ်ကူးရုံးပိတ်ရက်မှာ ရပ်ဝေးခရီးသွားတွေဘယ်လောက်ထိများပျားနိုင်သလဲလို့ ထပ်မံမေးမြန်းခဲ့ရာမှာ Mr. Satit Pitutecha က ပြည်သူတွေက အချိန်တွေအကြာကြီး အိမ်တွင်းအောင်းနေရတာဖြစ်တာကြောင့် အမှန်တရားက နှစ်သစ်ကူးအလွန်ကာလမှာ ပေါ်ပေါက်လာမှာဖြစ်တယ်လို့ပဲ ဖြေကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံတွင်း ကူးစက်ခံထားရသူ ၅၀၀ ကျော်ပြီဖြစ်တဲ့ ကိုဗစ်မျိုးကွဲဗိုင်းရပ်သစ်အိုမီခရွန်းဗိုင်းရပ်စ်ကို ပြည်သူ့ကျန်းမာရေးဌာနအနေဖြင့် ကိုင်တွယ်ဖြေရှင်းနေပုံကို မေးမြန်းခဲ့ရာမှာ ၎င်းက လက်ရှိမှာအသက် ၁၂ နှစ်အထက်ကစလို့ ကာကွယ်ဆေးထိုးပြီးတဲ့ပြည်သူတွေအမြောက်အများရှိနေပြီဖြစ် တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ဧပြီလက ရင်ဆိုင်ခဲ့ရတဲ့ ကိုဗစ်တတိယလှိုင်းလို အခြေအနေတွေက ဆိုးရွားလာမှာမဟုတ်ဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS