4 May 2024

,

အိုလံပစ်ပြန်များကို တိုက်လေယာဉ်ဖြင့် ထိုင်ဝမ် ကြိုဆို

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ထိုင်ဝမ်ကြက်တောင်ကစားသမား ၃ ဦး ရဲ့အိမ်ပြန်ခရီးကို ထိုင်ဝမ်အစိုးရက Mirage 2000 တိုက်လေယာဉ် ၄ စင်းစေလွတ်ပြီးဂုဏ်ပြုကြိုဆို ခဲ့ပါတယ်။

အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ငွေတံဆိပ်ဆွတ်ခူးတဲ့ ထိုက်စုယင် နဲ့ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲမှာ

တရုတ်အတွဲကိုအနိုင်ယူပြီး ရွှေတံဆိပ်ဆွတ်ခူးခဲ့တဲ့ ဝမ်းကျီလင်းနဲ့လီယန်းတို့သုံးဦးလိုက်ပါစီးနင်းလာတဲ့

ချိုင်းနားအဲလိုင်းလေကြောင်းလိုင်းရဲ့လေယာဉ်တစ်စင်းကို တိုက်လေယာဉ် ၄ စင်းက အနားမှာယှဉ်လျက် ပြန်သန်းစေပြီးကစားသမားတွေရဲ့အိမ်ပြန်ခရီးကို ဂုဏ်ရှိရှိကြိုဆိုခဲ့တာဖြစ်ပါတယ်။

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲအသွားခရီးမှာ ကမ္ဘာ့အဆင့် ၁ ထိုင်ဝမ်ကြက်တောင်မယ် ထိုက်စုယင် ဟာ ရိုးရိုးထိုင်ခုံကနေလိုက်ပါစီးနင်းခဲ့ရတဲ့အတွက် ပြည်သူတွေရဲ့ဝေဖန်မှုကိုပြင်းပြင်းထန်ထန်ခံခဲ့ရပြီး ထိုင်ဝမ်အားကစားညွှန်ကြားရေးမှူးချုပ်က ရာထူးကနေနုတ်ထွက်ခဲ့ရပါတယ်။

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

Photo : Manager Online.

SHARE THIS NEWS

OTHER NEWS