3 May 2024

,

စက်တင်ဘာ ၁၇ ရက်၊ ၂၀၂၁

ယမန်နေ့တွင် အသက် ၇၀ ရှိ ထိုင်းအမျိုးသားတစ်ဦးသည် ထီနှစ်စောင်တွဲ ဘတ် ၁၂ သန်းကံထူးခဲ့ပြီးသားသမီးလေးဦးကို မော်တော်ကားတစ်စင်းစီဝယ်ပေးရန်

စီစဉ်။

ယမန်နေ့တွင် ထိုင်းနိုင်ငံအ‌ရှေ့မြောက်ပိုင်း၊ ဉ‌ဒေါင်းဌာနီခရိုင်၊ မတ်ခဲ့ကျေးရွာအုပ်စု၊ ဘန့်မွန့်ကျေးရွာတွင်နေထိုင်သူ အသက် ၇၀ နှစ် အရွယ်ရှိ ဒဲ ထစ်နေ့ ဆို

သူထိုင်းအမျိုးသားတစ်ဦးသည် ထိုင်းထီပထမဆုနှစ်စောင်တွဲ ဘတ် ၁၂ သန်းကံထူးခဲ့ပြီး ဉ‌ဒေါင်းဌာနီနယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့သည်ဟု သိရသည်။

ထီကံထူးရာမှ ရရှိလာသည့်ငွေများဖြင့် ဘဏ်တွင်ပေါင်နှံထားသည့်အိမ်ကို ဘတ် ၄ သိန်းဖြင့်ပြန်လည်ရွေးထုတ်မည်ဟုသိရပြီး သားသမီးနှစ်ဦး၏အစိုးရပညာ

ရေးချေးငွေ ၃ သိန်းကို ပြန်ဆပ်မည်ဟုဆိုသည်။

ကြွေးမြီများကိုပြန်ဆပ်ပြီးသည့်နောက်တွင် သားသမီးလေးဦးကို မော်တော်ကားတစ်စင်းစီဝယ်ပေးမည်ဟု ဆိုသည်။

ထို့နောက် စကွန်နခေါ်ခရိုင်တွင် အိမ်အသစ်တစ်လုံးဝယ်ယူပြီး ပြောင်းရွှေ့နေထိုင်သွားမည်ဟုဆိုသည်။

ပြီးခဲ့သည့်ဉပုသ်နေ့တွင် စကွန်နခေါ်ခရိုင်၊ ဖူဖန်မြို့နယ်၊ စန်းခေါ်ကျေးရွာအုပ်စုရှိ မြေးများဆီကိုအလည်သွားခဲ့ပြီး ဈေးတစ်ခုရှိထီသည်တွင် ၎င်းကြိုက်နှစ်သက်

သည့် အရှေ့ဂဏန်း ၀၇၀ နှင့်နောက်ပိတ် ၃၅ ပါရှိသည့်ထီလက်မှတ်ကိုတွေ့ရှိပြီး‌နောက် ၀၇၀၉၃၅ ဂဏန်းကို ၂ စောင်ဝယ်ယူခဲ့သည်ဟု ဆိုသည်။

ထီ ၁၂ သန်းကံထူးသည်ဟု သိရှိရပြီးနောက် ဝမ်းသာလွန်း၍ အော်ဟစ်အောင်ပွဲခံခဲ့ပြီး ပီတိမျက်ရည်ကျခဲ့သည်ဟု ဆိုသည်။

SHARE THIS NEWS

OTHER NEWS