28 April 2024

,

မန်ချက်စတာယူနိုက်တက်နဲ့လေ့ကျင့်ခန်းစဆင်းနေတဲ့ရိုနာလ်ဒို နယူးကာဆယ်နဲ့ပွဲမှာပွဲထွက်ကစားနိုင်ခြေရှိ

■မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တဲ့ ရိုနာလ်ဒိုဟာ ကွာရန်တင်း ၅ရက်ကြာဝင်ရောက်အပြီး ကိုဗစ်စစ်ဆေးမှုမှာ နဂ္ဂတစ်ထွက်ရှိခဲ့တဲ့အတွက် ဗြိတိန်ကျန်းမာရေးအာဏာပိုင်တွေက အသင်းနဲ့ပူးပေါင်းဖို့ ခွင့်ပြုလိုက်တဲ့အတွက် အင်္ဂါနေ့မှာ လေ့ကျင့်ခန်းစတင်ဆင်းနေပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ကျော့ပြန်ခရီးအတွက် ပရိတ်သတ်တွေဟာ အထူးစိတ်လှုပ်ရှားပျော်ရွှင် နေကြပြီး ရိုနာလ်ဒိုပွဲဦးထွက်ပါဝင်လာနိုင်ခြေရှိနေတဲ့ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်အတွက် လက်မှတ်တွေကို အလုအယက်ဝယ်ယူခဲ့ကြတဲ့အတွက် လက်မှတ်ဈေးဟာ တစ်စောင်ကို ပေါင် ၈ထောင်နီးပါးထိ ဈေးမြင့်သွား ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကာရင်တန်မှာ ရိုနာလ်ဒိုဟာ နည်းပြ ဆိုးလ်ရှားနဲ့ တွေ့ဆုံခဲ့အပြီး ညနေပိုင်းမှာ အသင်းသားတွေနဲ့အတူ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်ကို ပြုလုပ်နေတဲ့ရိုနာလ်ဒို ရဲ့ပုံရိပ်တွေကို မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ရိုနာလ်ဒိုဟာ လာမယ့် စက်တင်ဘာ ၁၁ ရက်နေ့မှာကစားမယ့် နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာပွဲထွက်ကစား သမားအဖြစ်ပါဝင်နိုင်ခြေရှိနေပါတယ်။

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

SHARE THIS NEWS

OTHER NEWS