29 April 2024

,

စမွတ်ဆာခွန်ခရိုင် ဘန့်ဖြောင်းမြို့နယ် ယွတ်ကရာဘတ်ကျေးရွာအုပ်စုတွင်နေထိုင်သည့် အသက် ၇၀ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဉီး မွေးဂဏန်းကိုအပတ်တိုင်းကံစမ်းရာက ပထမဆု ၅ စောင်ထီကံထူး ဘတ်သန်း ၃၀ ရရှိ။

စမွတ်ဆာခွန်ခရိုင် ဘန့်ဖြောင်းမြို့နယ် ယွတ်ကရာဘတ်ကျေးရွာအုပ်စုတွင်နေထိုင်သည့် အသက် ၇၀ နှစ် အရွယ်ထိုင်းအမျိုးသမီးတစ်ဦးသည် ယမန်နေ့တွင် ထိုင်းထီပထမဆု ၅ စောင်ကံထူးပြီး ဆုငွေဘတ်သန်း ၃၀ ရ ရှိသွားသည်ဟု အသက် ၄၆ ရှိသူ ထီသည်အမျိုးသားက သတင်းမီဒီယာများကို ပြောကြားခဲ့ ကြောင်း ထိုင်းရတ်သတင်းဌာနမှဖော်ပြထားသည်။

အဆိုပါသက်ကြီးကံထူးရှင်သည် ၂၃၅ နောက်ပိတ်ထီလက်မှတ်ကိုအပတ်စဉ်ကံစမ်းလေ့ရှိပြီး ၎င်းထံတွင်ယင်းဂဏန်းနောက်ပိတ်ထီလက်မှတ်ရှိသည်ဟု ပြောပြရာမှ ကံထူးရှင်က ၅ စောင်တွဲဝယ်ယူခဲ့သည်ဟု ယွတ်ကရာဘတ်ဘုန်းကြီးကျောင်းရှေ့တွင်ထီရောင်းနေသူကဆိုသည်။

ထီထွက်ပြီးနောက်တွင် ဘုန်းကြီးကျောင်းနှင့် ၁ ကီလိုမီတာခန့်ကွာဝေးသော ကံထူးရှင်အိမ်သို့သွားရောက်၍သတင်းကောင်းပြောပြခဲ့ပြီး ထီလက်မှတ်အနောက်ဘက်တွင်လက်မှတ်ထိုးစေပြီးနောက် ရဲစခန်းသို့သွားရောက်၍ ရဲနေ့စဉ်မှတ်တမ်းတွင် တိုင်ချက်ဖွင့်ခဲ့သည်ဟု ဆိုသည်။

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS