30 April 2024

,

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်ရှိ ထိုင်းအမျိုးသမီးတစ်ဦး ဘတ် ၆ သန်းထီကံရာမှ ဝမ်းသာလွန်း၍မေ့လှဲမတတ်ဖြစ်။

ယမန်နေ့တွင် ထိုင်းအစိုးရထီဆုကြေညာပြီးနောက် Fanqq Y. Sukkasem ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က ၎င်းထီဆိုင်တွင်ကံစမ်းခဲ့ပြီး ဘတ် ၆ သန်းကံထူးသွားသည့် ကံထူးရှင်အပေါ်ဝမ်းမြောက်ကြောင်းပို့စ်တင်ခဲ့သည်။

“တို့ထီဆိုင်ကနေ ဘတ် ၆ သန်းကံထူးသွားတဲ့အစ်မနဲ့အတူ ထပ်တူဝမ်းမြောက်မိပါတယ် အနီးအနားကလူပါ ပူပူနွေးနွေးသူဌေးမကြီးနဲ့အတူအတိုင်းမသိဝမ်းသာမိပါတယ်” ဟု ရေးသားထားသည်။

တချိန်တည်းတွင် အဆိုပါထီကံထူးရှင်က “မေ့လှဲတော့မလို့” ဆိုပြီးထိုင်းမြောက်ပိုင်းဘာသာစကားဖြင့်၎င်း၏လူမှုကွန်ရက်အကောင့်တွင် ဗီဒီယိုတစ်ခုတင်ခဲ့သည်။

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS