26 April 2024

လူသားတွေနဲ့ လှုပ်ရှားပုံ အသွင်တူတဲ့ စက်ရုပ်ကို Engineered Arts ကုမ္ပဏီက တီထွင်ခဲ့ပါတယ် အဲဒီစက်ရုပ်ကို Ameca လို့အမည်ပေးထားပါတယ်။

 

Ameca ကို လူသားတွေရဲ့လှုပ်ရှားပုံနဲ့ချွတ်စွတ်တူနေအောင် ဖန်တီးထားတာပါ။ Ameca ဟာ အိပ်ရာနိုးလာတဲ့ အသွင်အပြင်ကို လူသားတွေနည်းတူ ပြုလုပ်နေတာဖြစ်ပြီး သူ့ရဲ့လက်တွေကို ကြည့်ပြီး ကင်မရာကို စူးစက်ကြည့်နေတာကို ဗီဒီယိုထဲမှာတွေ့ရမှာပါ။

 

 

လက်ရှိမှာ Ameca ဟာ မျက်နှာ အသွင်အပြင်နဲ့ ကိုယ်လက်အမူအရာကိုသာ ပြုလုပ်နိုင်သေးတာဖြစ်ပြီး မကြာမီ အချိန်တွင်းမှာ Ameca ကိုလှုပ်ရှားသွားလာနိုင်အောင်နှင့် လူသားတွေနှင့် အပြန်အလှန် စကားပြောနိုင်အောင် တီထွင်သွားမှာဖြစ်တယ်လို့ တီထွင်သူတွေက ဆိုပါတယ်။

 

Ameca ကို လူသားတွေနဲ့ သူငယ်ချင်းပေါင်း ပေါင်းလို့ရတဲ့ထိ ကြိုးစားသွားမှာဖြစ်တယ်လို့ တီထွင်သူတွေက ပြောပါတယ်။ Ameca ရဲ့အသွင်အပြင်တွေကို လူအများစုက အားရကျေနပ်မှုမရှိသေးရင်တော့ Mesmer ဆိုတဲ့ အမည်နဲ့ လူသားတွေရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံအတိုင်း အရိုးအစစ်တွေတီထွင်ကာ ဖန်တီးချပြသွားမှာဖြစ်တယ် လို့တီထွင်သူတွေက ဆက်လက်ပြောကြားခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS