27 April 2024

,

ပထမဦးဆုံး ရုပ်ရှင်ဇတ်လမ်းတွဲ အတွက် သရုပ်ဆောင်တွေကို ချပြခဲ့တဲ့ ကြော်ညာဓာတ်ပုံကြောင့် ပရိသတ်တွေ လုံးဝကို အံ့အားသင့်သွားစေခဲ့ရ ပါတယ်။ Magic Eve Entertainment 2 မှရိုက်ကူးမယ့် “safety pin” ဇာတ်လမ်းတွဲ ကိုအနှစ်သာရ အပြည့်အစုံနဲ့ စောင့်မျှော်ကြည့်ရှုနိုင်မှာပါ

အရမ်းခင်ရတဲ့ စီစဉ်သူ သူငယ်ချင်း ၂ ဦး ရဲ့လက်ရာမှာ ပါဝင်ခွင့်ရခဲ့ တဲ့အနုပညာရှင်တွေက တော့ Pim-Pimmada , Noon-Woranuch Bhirombhakdi, Waritthisa Limthammahisorn, Boom-Kitkong Khamkrit, Euro-Yosawat Thawapi , Kao Jirayu La-ongmanee တို့ဖြစ်ပြီး ပို့စတာကြော်ညာထွက်ပြီးနောက် ပရိသတ်တွေက အရမ်းကောင်းတဲ့ဇတ်လမ်းတွဲဖြစ်လာဖို့ စောင့်မျှော်နေကြပါတယ်။

“safety pin” ဇာတ်လမ်းတွဲကို Noon-Woranuch နဲ့ Thisa-Warithisa တို့က ပရိသတ်တွေက မထင်မှတ်ထားလောက်နိုင်အောင် ဘယ်လိုတွေသရုပ် ဆောင်ပြမလဲဆိုတာကို စောင့်ကြည့်နိုင်ပြီး Krishna Asokesin ကနေတော့ ဒီဇာတ်လမ်းကို အကောင်းဆုံးပြန်လည်ပြုပြင်ပေးသူဖြစ်ပါတယ် ။

ပြီးတော့ ဗီလိန်ဇာတ်ကောင်အဖြစ် Boom-Kitkong နဲ့ Euro-Yosawat နဲ့အထူးသရုပ်ဆောင် ထားပြီး ဒါ့အပြင် Channel 7 လိုင်းကို နောက်တစ်ခေါက်ပြန်လည်လက်တွဲတဲ့ Kao-Jirayu ကလဲ ပါဝင်သရုပ်ဆောင်ထားပြီး ပြီးတော့ အနုပညာစွမ်းရည်ကောင်းမွန်တဲ့
Pol-Poolpat Atthapanyaphon, Kookie-Kochakorn တို့ပါ ပါဝင်တဲ့အပြင် အခြားသရုပ်ဆောင်များစွာပါ လက်တွဲပူးပေါင်းပြီး အသစ်တစ်ဖန်ပြန်လည် ပါဝင် သရုပ်ဆောင် ထားကြပါတယ်။

SHARE THIS NEWS

OTHER NEWS