6 May 2024

,

မိမိရလိုတာကတစ်ရောင် ထွက်လာတာကတစ်ရောင် စတဲ့ ပြဿနာကို ဆံပင်အရောင်ဆိုးဖူး သူတိုင်း ကြုံတွေ့ဖူးကြမှာပါ။ တကယ်တမ်းတော့အဲ့ဒီပြဿနာက မိမိရဲ့ ဆံပင်၊ အသားအရေနှင့် သင့်လျော်တဲ့ အရောင်ကို ရွေးချယ်မတတ်တာကြောင့် ဖြစ်ရတာပါ။ အောက်မှာ ဖေါ်ပြထားတဲ့ အချက်တွေဖတ်ပြီး နောက်တစ်ခါဆံပင်အရောင်ဆိုးတဲ့အခါ ရွေးချယ်ကြည့်လိုက်ပါနော်။

ဖျော့သောအသားအရေအရောင်

အသားဖြူပြီး အသားအရေသိပ်မတောက်ပ တဲ့သူတွေအနေနဲ့ လိမ်မ္မော်ရောင်၊ အညိုရောင်၊ ချောကလပ်ရောင် စတဲ့ အရောင်တွေကို ဆိုးခြင်းက သင့်လျော်ပါတယ်။ အရမ်းတောက်ပတဲ့အရောင်တွေကို လုံးဝမဆိုးသင့်ဘူးနော်။

အသားအရေအဝါရောင်

အဝါရောင်အသားအရေပိုင်ဆိုင်ထားတဲ့ သူတွေအနေနဲ့ ဘယ်အရောင်ဆိုးဆိုးလိုက်ဖက်ပါတယ်။ ဒါပေမယ်လို့ အရမ်းမှိန်တဲ့အရောင်တွေနဲ့တော့ လိုက်ဖက်မှာမဟုတ်ပါဘူး။ အရမ်းတောက်ပတဲ့အရောင်တွေကို ဆိုးမယ်ဆိုရင်လည်း မိမိ ရဲ့အလုပ်ကခွင့်ပြုမပြု အရင်လေ့လာဖို့လိုမယ်နော်…

အသားညိုသူ (သို့) အသားညိုသူ

အသားညိုတဲ့သူတွေအနေနဲ့ အညိုရောင်၊ အရမ်းလည်းမတောက် အရမ်းလည်းမမှိန် စတဲ့အရောင်တွေက ပိုပြီးသင့်တော် ပါတယ်။

အနီရောင်အသားအရေ 

အနီရောင်အသားအရေနဲ့သူတွေလည်း အရမ်းလည်းမတောက် အရမ်းလည်းမမှိန်တဲ့အရောင်တွေနဲ့လိုက်ဖက်ပါတယ်။ အထူးသဖြင့်မီးခိုးရောင်ဆိုးရင်ပိုပေါ်လွင်စေပါတယ်။

ဆံပင်ထူသည့်သူများ 

ဆံပင်ထူတဲ့သူတွေအနေနဲ့ အရောင်ဆိုးတဲ့အခါအရမ်းသတိထားရမှာပါ။ ဆံပင်ထူလွန်းတာကြောင့် အရမ်းတောက်ပတဲ့ အရောင်တွေနဲ့လိုက်ဖက်မှာမဟုတ်ပါဘူး။

ဆံပင်ပါးသည့်သူများ 

ဆံပင်ပါးတဲ့သူတွေအနေနဲ့က အနီရောင်၊ ဇီးရောင် စတဲ့အရောင်တွေနဲ့လိုက်ဖက်ပါတယ်။

SHARE THIS NEWS

OTHER NEWS