29 April 2024

ဓာတ်ပုံ Winzaw Winzaw(ဝင်း​ဇော် ပြန်ကြား​ရေး)

 

စက်တင်ဘာ ၂၇ ရက်၊ ၂၀၂၁

 

စက်တင်ဘာ ၂၆ ရက်နေ့မှစ၍ မဲဆောက်-မြဝတီ အမှတ်-၂ ချစ်ကြည်ရေးတံတားတွင် နေရပ်ပြန်များကိုတစ်ရက်ခြား ၅၀၀ ဦးထပ်တိုးလက်ခံပေးနေ။

 

ယမန်နေ့မှစ၍ မဲဆောက်-မြဝတီ အမှတ်-၂ ချစ်ကြည်ရေးတံတားရှိ ကြိုဆိုရေး BCF ဇုန်တွင် နေရပ်ပြန်များကို တစ်ရက်ခြား ၅၀၀ ထပ်တိုးလက်ခံပေးနေသည်ဟု Winzaw Winzaw(ဝင်း​ဇော် ပြန်ကြား​ရေး) လူမှုကွန်ရက်အကောင့်တွင်ဖော်ပြထားသည်။

 

ယခင်က အဆိုပါကြိုဆိုရေးဇုန်တွင် တစ်ရက်ခြား ၂၀၀ ဦးသာလက်ခံပေးခဲ့သည်ဟု ရေးသားထားသည်။

 

ထို့ပြင် ယင်းကြိုဆိုရေးဇုန်မှတဆင့်နေရပ်ပြန်သူများသည် ယခင်နည်းတူ ကွာရန်တင်းဝင်ရန်မလိုအပ်တော့ကြောင်း သိရှိရသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS