29 April 2024

သက်တမ်းကုန်နေသော MoU နိုင်ငံကူးလက်မှတ်များ အသစ်ပြုလုပ်လျှင် ဒဏ်ကြေး ၃၆၅၀ ဘတ် ပေးသွင်းရမည်ဟု ဗန်ကောက်အခြေဆိုက်မြန်မာသံရုံး ထုတ်ပြန်
.
ဩဂုတ် ၄ ရက်၊ ၂၀၂၃
.
သက်တမ်းကုန်နေသော MoU နိုင်ငံကူးလက်မှတ်များကို ဗန်ကောက်အခြေဆိုက်မြန်မာသံရုံးတွင် အသစ် ပြုလုပ်ပါက ၃၁-၇-၂၀၂၃ ရက်နေ့မှစ၍ ပျက်စီး/ပျောက်ဆုံးဒဏ်ကြေး ၃၆၅၀ ဘတ်ပေးသွင်းရ မည်ဟု ပြီးခဲ့သော ဇူလိုင်လ ၃၁ ရက်နေ့ (၂၀၂၃) တွင် အသိပေးထုတ်ပြန်ထားသည်။
.
မြန်မာလုပ်သားများအား MoU လုပ်ငန်းစဉ်ဖြင့် ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံမှ မထွက်ခွာမီ ၅ နှစ်သက်တမ်းရှိသော PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ကို ပြုလုပ်ပေးခဲ့ပါသည် ဟု ဖော်ပြထားသည်။
.
တဆက်တည်းတွင် MoU လုပ်သားများသည် ထိုင်းနိုင်ငံ၌ ၄ နှစ်ကြာ အလုပ်လုပ်ကိုင်ပြီးပါက မြန်မာ နိုင်ငံသို့ ပြန်လည်ဝင်ရောက်ရမည်ဖြစ်ပါသည်။ U-Turn အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည်လာ ရောက်လိုပါက မြန်မာနိုင်ငံအတွင်း၌ MoU ၏ U-Turn လုပ်ငန်းစဉ်ကို ထပ်မံပြုလုပ် ရမည် ဖြစ်ပါသည် ဟု ဖော်ပြထားသည်။
.
တချိန်တည်းတွင် အချို့သော MoU လုပ်သားများသည် နိုင်ငံကူးလက်မှတ်သက်တမ်း ၁ နှစ် ကျန်သေး သော်လည်း မြန်မာနိုင်ငံသို့ မပြန်ဘဲ သက်တမ်းကျော်လွန်သည်အထိ နေထိုင်လျက်ရှိကြပါသည် ဟု ဖော်ပြထားသည်။
.
ထို့နောက် သက်တမ်းကုန်နေသော နိုင်ငံကူးလက်မှတ်များအား မြန်မာသံရုံး၌ အသစ်လာရောက်ပြုလုပ် ပါက ၃၁-၇-၂၀၂၃ ရက်နေ့မှစ၍ ပျက်စီး/ပျောက်ဆုံး ဒဏ်ကြေးကဲ့သို့ သတ်မှတ်ဒဏ်ကြေး ၃၆၅၀ဘတ် ကို ပေးသွင်းကြရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည် ဟု ဆက်လက်ဖော်ပြထားသည်။
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ

SHARE THIS NEWS

OTHER NEWS