17 May 2024

အန္ဒိယနိုင်ငံက အိုင်တီပညာရှင် ဇနီး‌မောင်နှံ ၂ ဦးဟာ သူတို့ရဲ့ မင်္ဂလာအခန်းအနားကို Metaverse ထဲမှာ ကျင်းပဖို့ဆုံးဖြတ်ခဲ့ပါတယ်။

သူတို့ ၂ ဦးလုံးဟာ အိုင်တီပညာရှင်တွေဖြစ်ပါတယ်။ သတို့သားက blockchain ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာ ဖြစ်ပြီး သတို့သမီးဖြစ်သူကတော့ ဆော့ဝဲလ် ပညာရှင် ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ Instagram မှာ စတွေ့ကြတာဖြစ်ပြီး Metaverse ထဲမှာ Tardiverse လို့အမည်ပေးထားတဲ့ သူတို့ရဲ့ကိုယ်ပိုင် Metaverse ကိုအကောင်အထည်ဖေါ်ပြီး မင်္ဂလာအခန်းအနားကျင်းပဖို့ စီစဉ်နေကြပါတယ်။

သူတို့ရဲ့မင်္ဂလာဆောင် အခန်းအနားကို လာမယ့် ဖေဖေါ်ဝါရီလ ၆ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပြီး မင်္ဂလာအခန်းအနား အပြင်အဆင်ကို Harry Potter ဇတ်ကားထဲကလို မှော်ဆန်စွာ ဖန်တီးထားပါတယ်။ သူတို့ရဲ့ မင်္ဂလာအခန်းအနားကို တက်ရောက်မယ့် ဧည့်သည်တွေအနေနဲ့ကတော့ သတ်မှတ်ထားတဲ့ လင့်ခ်က တစ်ဆင့် ဝင်ရောက်ရမှာဖြစ်တယ်လို့သိရပါတယ်။

မင်္ဂလာအခန်းအနားတတ်ရောက်မယ့်သူတွေအနေနဲ့ လက်တွေ့အခန်းအနားလို တက်ရောက်လာကြတဲ့ ဧည့်သည်တွေနဲ့ စကားစမြည်ပြောဆိုနိုင်မှာဖြစ်ပြီး မင်္ဂလာအခန်းအနားတစ်လျှောက် သတို့သမီးရဲ့ဖခင်ဖြစ်သူက ပွဲစီစဉ်သူအနေ အဖြစ် ပွဲပြီးဆုံးတဲ့ထိ ကြွရောက်လာကြတဲ့ ဧည့်သည်တွေနှင့်အတူ ရှိနေပေးမှာဖြစ်တယ် လို့သိရပါတယ်။

ကြွရောက်လာကြတဲ့ ဧည့်သည်တွေအနေနဲ့ သူတို့ကို လက်ဖွဲ့ချင်တယ်ဆိုရင်တော့ Cryptocurrency (ဒီဂျစ်တယ်ငွေကြေး) ဖြင့် လက်ဖွဲ့ရမှာပါ။

သူတို့ ၂ ဦးရဲ့ Metaverse ထဲက မင်္ဂလာဧည့်ခံပွဲဟာ အန္ဒိယနိုင်ငံသာမက ကမ္ဘာပေါ်မှာ ပထမဦးဆုံးဖြစ်လာမှာပါ။

SHARE THIS NEWS

OTHER NEWS