14 May 2024

ဩဂုတ် ၁၉ ရက် ၂၀၂၁

 

ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ၂၀၂၀ ခုနှစ်မှာ ကမ္ဘာ့ ဂျီဒီပီကို ၃.၃ ရာခိုင်နှုန်းအထိကျုံ့စေခဲ့ပြီး စိုးရိမ်ဖွယ်နောက်ဆုတ်နေတဲ့

ကမ္ဘာ့စီးပွားရေးအခြေအနေကို ကောင်းစွာထင်ဟနေပါတယ်။ ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံထဲမှာ ၂၇ နိုင်ငံ

ဒါမှမဟုတ် ၁၃ ရာခိုင်နှုန်းကသာ ဂျီဒီပီအပေါင်းပြခဲ့ပါတယ်။

 

ဂျီဒီပီအပေါင်းပြတဲ့ နိုင်ငံတွေထဲမှာ CLMV နိုင်ငံတွေထဲက ဗီယက်နမ်နိုင်ငံလည်းပါဝင်ခဲ့ပါတယ်။ CLMV နိုင်ငံတွေကတော့

 

လတ်တလောမှာ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနဲ့သဘာဝအရင်းအမြစ်ကဏ္ဍမှာ ရေပန်းစားနေတဲ့ ကမ္ဘောဒီးယား (Cambodia) ၊

 

လာအို (Lao) ၊ မြန်မာ (Myanmar) နဲ့ ဗီယက်နမ် (Vietnam) နိုင်ငံတို့ ဖြစ်ပါတယ်။

 

 

ဒီနိုင်ငံတွေထဲမှာ စိတ်ဝင်ဖို့အကောင်းဆုံးကတော့ ၂၀၂၀ ခုနှစ်မှာ ဂျီဒီပီ ၂.၉ ရာခိုင်နှုန်းတိုးတက်ခဲ့တဲ့ဗီယက်နမ်နိုင်ငံဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ ဗီယက်နမ်နိုင်ငံရဲ့ဂျီဒီပီဟာ ၆.၅ ရာခိုင်နှုန်းအထိ တိုးတက်နိုင်ခြေရှိတယ်လို့ IMF ခန့်မှန်းထားပါတယ်။ ဒီကိန်းကဏန်း

တွေဟာ CLMV နိုင်ငံတွေထဲမှာ ဗီယက်နမ်နိုင်ငံဟာ အတောက်ပဆုံးကြည်တပွင့်ဖြစ်လာနေတယ်ဆိုတာကို ထင်ဟနေပါတယ်။

 

ဗီယက်နမ်စီးပွားရေးကို တွန်းအားပေးနေတဲ့ပထမအကြောင်းရင်းကတော့ပို့ကုန်ကဏ္ဍဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ “နည်းပညာထုတ်ကုန်”

တွေဟာ ဗီယက်နမ်ရဲ့အဓိကပို့ကုန်ဖြစ်လာခဲ့ပြီး စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၅၁,၁၈၀ သန်းအထိမြင့်မားနေသလို စိုက်ပျိုးရေးပို့ကုန်

စုစုပေါင်းရဲ့ ၁၈ ရာခိုင်နှုန်းနဲ့ညီမျှနေပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ကျော်ကို နည်းပညာထုတ်ကုန်တင်ပို့လျက်ရှိပြီး တရုတ်နိုင်ငံကိုအများ

ဆုံးတင်ပို့လျက်ရှိကာ ၂၄ ရာခိုင်နှုန်းအထိမြင့်မားနေပြီး ဒုတိယအများဆုံကတော့ ဉရောပဈေးကွက်ကို ၁၉ ရာခိုင်နှုန်းတင်ပို့ထားပါတယ်။

 

ဗီယက်နမ်ရဲ့နောက်ထပ်အဓိကပို့ကုန်ကတော့ သံဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ပထမ ၅ လအတွင်းဗီယက်နမ်ကနေ ဉရောပသမဂ္ဂကို

သံတင်ပိုမှုဟာ ယခင်နှစ်ကာလတူထက် ၅ ဆတိုးတက်ခဲ့သလိုမက္ကဆီကိုနိုင်ငံကိုတင်ပို့မှုက ၂.၅ ဆနဲ့တရုတ်ကိုတင်ပို့မှုက ၂ ဆအထိ

အသီးသီးတိုးတက်လာပါတယ်။

 

.

ဗီယက်နမ်စီးပွားရေးကို တွန်းအားပေးနေတဲ့ဒုတိယအကြောင်းရင်းကတော့ လွတ်လပ်တဲ့ကုန်သွယ်ခွင့်သဘောတူညီချက်တွေမှာ

ပါဝင်တာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ CPTPP၊ EVFTA၊ RCEP စတဲ့အရေးပါတဲ့ကုန်သွယ်ခွင့်သဘောတူညီချက်တွေမှာပါဝင်

ထားတာမို့လို့ ကူးသန်းရောင်းဝယ်ရေးနဲ့ပို့ကုန်ကဏ္ဍမှာအသာရစေပါတယ်။

.

တတိယအကြောင်းရင်းကတော့ ပြည်တွင်းစားသုံးမှုပဲဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ ကာကွယ်ဆေးရရှိမှုနှေးကွေးပေမဲ့ ကိုဗစ်-၁၉

ကူးစက်ပျံ့နှံ့မှုကိုအကောင်းဆုံးထိန်းချုပ်နိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံ့လူဦးရေ ၉ သန်းထဲမှာ ၄ သန်း (၄.၀၈ ရာခိုင်နှုန်း) သာ

ကာကွယ်ဆေးထိုးနှံထားပေမဲ့ ကာကွယ်ဆေးတွေကိုဆက်တိုက်တင်သွင်းနေပါတယ်။ မကြာခင်မှာ အမေရိကန်ဆီကနေ

ကာကွယ်ဆေး ၉ သန်းဒို့စ်ရရှိမှာဖြစ်သလို ကိုဗက်စ်စီမံကိန်းကနေ မိုဒါနာကာကွယ်ဆေး ၃ သန်းဒို့စ်ရောက်ရှိလာမှာဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူတွေကိုယုံကြည်မှုတည်ဆောက်နိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ပထမ ၆ လမှာ ပြည်တွင်းစားသုံးသူ ဈေးဆနှုန်း

(CPI)ဟာ ယခင်နှစ်ကာလတူထက် ၂.၇ ရာခိုင်နှုန်းအထိတိုးတက်ခဲ့ပါတယ်။ ဒီကိန်းဂဏန်းဟာ ဗီယက်နမ်ပြည်သူတွေပုံမှန်

ငွေသုံးစွဲနေပြီး ပြည်တွင်းလှည့်လည်သုံးစွဲငွေအားကောင်းနေတာကိုဖော်ပြနေပါတယ်။

SHARE THIS NEWS

OTHER NEWS