28 April 2024

၂၀၂၄ ခုနှစ် မတ်လအတွင်း သက်တမ်းကုန်စာအုပ်များ လဲနိုင်ပြီ
.
ဇူလိုင် ၂၀ ရက်၊ ၂၀၂၃
.
၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်အတွင်း PJ စာအုပ်သက်တမ်းကုန်ဆုံးသော သူများကို စာအုပ်အသစ်လဲပေး တော့မည်ဟု ဗန်ကောက်အခြေစိုက် မြန်မာသံရုံးက ယနေ့ည အစောပိုင်းတွင် ထုတ်ပြန်ထားသည်။
.
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများ အနက် ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးတော့မည့် နိုင်ငံကူးလက်မှတ်များကို ၂-၈-၂၀၂၃ ရက် နေ့မှစ၍ အသစ်ပြုလုပ်ပေးမည်ဟု ဖော်ပြထားသည်။
.
တဆက်တည်းတွင် ရက်ချိန်းတိုကင်များအား ၂၉-၇-၂၀၂၃ ရက်နေ့မှစ၍ စနေနေ့တိုင်း နံနက် ၀၈၀၀ နာရီ မှစတင်ကာ ၁၂၀၀ နာရီအထိ ရုံးဟောင်းဂိတ် (ယခင်နေရာ) ၌ ပေးအပ်သွားမည်ဟု ဖော်ပြထားသည်။
.
တချိန်တည်းတွင် ရက်ချိန်းတိုကင် လာရောက်ထုတ်ယူသူများသည် မိမိကိုင်ဆောင်သော နိုင်ငံကူး လက် မှတ်စာအုပ်ကို ယူဆောင်လာရမည်ဖြစ်ပြီး မျက်နှာဖြင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ရက်ချိန်းတိုကင် ကို ပေးအပ်မည်ဖြစ်ပါသည်။ ကိုယ်စားလှယ်များဖြင့် ထုတ်ယူခြင်းကို လုံးဝ (လုံးဝ) ပေးအပ်မည်မဟုတ် ကြောင်း အသိပေးအပ်ပါသည်ဟု ဖော်ပြထားသည်။
.
ထို့နောက် ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ သက်တမ်းကုန် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ အရေအတွက်သည် အနည်းငယ်သာရှိသည့်အတွက် ညအချိန်မှစ၍ နေရာယူတန်းစီရန် မလိုအပ် ပါ ကြောင်း၊ ၂၉-၇-၂၀၂၃ ရက်နေ့ (စနေနေ့)၊ နံနက်မိုးလင်းချိန်မှသာ လာရောက်ကြပါရန်၊ လာရောက်သူ အားလုံးကို ထုတ်ပေးမည်ဖြစ်၍ စနစ်တကျတန်းစီပြီး တိုကင်ရယူကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ဟု ဆက်လက်ဖော်ပြထားသည်။
.

SHARE THIS NEWS

OTHER NEWS