30 April 2024

,

တူရင်မြို့ကို နှုတ်ဆက်ဖို့ ပြင်နေတဲ့ ရိုနာလ်ဒို

■ဂျူဗင်တပ်အသင်းဟာ ယမန်နေ့ပွဲစဥ်တွင် အူးဒီးနီးအသင်းအား သရေကစားခဲ့ရပြီး အဲ့ဒီပွဲစဥ်မှာ အသင်းရဲ့အဓိက တိုက်စစ်မှူး ခရီစီယာနို ရော်နယ်ဒို ဟာအသင်းရဲ့ပွဲထွက်လူစားရင်မှာပါဝင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ဒီလိုမျိုးပွဲထွက်စာရင်းမှာ ပါဝင်ခြင်းမရှိရတဲ့အကြောင်းအရင်းက ကစားသမားရဲ့တောင်းဆိုခြင်းကြောင့်ဖြစ်တယ်လို့ သိရှိ ရပြီးတဲ့ နောက်မှာတော့ ရိုနာလ်ဒိုရဲ့ ပြောင်းအရွေ့သတင်းတွေဟာ ပြန်လည်လှုပ်ခတ်လာခဲ့ပြီး အီတလီနာမည်ကျော်သတင်းထောက် Fabrizio romano ကလည်း ရော်နယ်ဒိုထွက်ခွာနိုင်ကြောင်း ၎င်းရဲ့ Podcast အစီအစဥ်မှာပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ ဒုတိယအမှူဆောင်ချုပ် Pavel NedvedVed က “ကျွန်တော်တို့ ရိုနာလ်ဒိုနဲ့ဘာဆက်လုပ်မယ်ဆိုတာတိုင်ပင်ပြီးသားပါပဲ ဒါဟာသာမန်အနေအထားပါပဲ သူအသင်းမှာဆက်ရှိနေပါလိမ့်မယ်”လို့ တရားဝင် ပြောကြားခဲ့ဖူးပါတယ်။

ဒါပေမယ့် ယမန်နေ့ထွက်ပေါ်လာသောနောက်ဆုံးရသတင်းအချက်အလက်တွေ အရတော့ ရိုနာလ်ဒိုဟာ အသင်းပြောင်းရွေဖို့အတွက် သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်ဇ် ကို လုပ်ဆောင်ခိုင်းထားပြီး ဂျူဗင်တပ် ကနေ ထွက်ခွာဖို့ကိုလည်း အသင်းကိုအသိပေးထားကြောင်းသိရပါတယ်။

ဂျူဗင်အနေနဲ့ ယခုအချိန်ထိ ရော်နယ်ဒိုအတွက်သင့်တော်တဲ့ကမ်းလှမ်းမှူမျိုးမရှိသည့်အတွက် စောင့်ဆိုင်းလျက်ရှိပြီး ယူရိုသန်း သုံးဆယ် နှင့်အထပ်ကမ်းလှမ်းသော အသင်းများအားရောင်းချသွား ဖွယ်ရှိနေပြီး မန်ချက်စတာစီးတီး ပီအက်စ်ဂျီနဲ့ LA glaxey စသည့်အသင်းများမှ ရော်နယ်ဒိုအားခေါ်ယူရန်စိတ်ဝင်စားလျက်ရှိနေပါတယ်။

SHARE THIS NEWS

OTHER NEWS