26 April 2024

ဝက်တွင်ကူးစက်ရောဂါဖြစ်ပွားပြီးနောက် ဝက်အကောင်ရေ ၃ သန်းကျော်ကျဆင်းခဲ့ပြီး ဝက်သား ၁ ကီလိဂရမ် ၂၀၀ ကျော်ရှိလာ။

 

မြို့တော်ဗန်ကောက်နှင့်နွန်ထဘူရီခရိုင်ရှိ ကုန်တိုက်များတွင် ဝက်သား ၁ ကီလိုဂရမ်လျင် ၁၆၀ ဘတ် မှ ၂၃၂ ဘတ်ထိရောင်းချနေပြီး ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနသတ်မှတ်ဈေးဖြစ်သော ၁ ကီလိုဂရမ်လျင် ၁၅၉ ဘတ်ထက်မြင့်မားနေသည်ဟု Prachachat သတင်းဌာနမှဖော်ပြထားသည်။

 

ကုန်တိုက်များတွင်ဝက်ဂုတ်သားနှင့်ပေါင်သားဈေးနှုန်းသည် ၁ ကီလိုဂရမ်လျင် ၁၆၀ ဘတ်ဖြင့်ရောင်းချ နေပြီး ကုန်စိမ်းဈေးများတွင် ၁ ကီလိုဂရမ်လျင် ၁၈၀ ဘတ်အထိရောင်းချနေသည်ဟု သိရသည်။

 

 

ထိုင်းတွင်ဝက်ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် အသေးစားလုပ်ငန်းရှင်များက ဝက်မွေးမြူရေးကိုရပ်ဆိုင်းထားရာမှ ဈေးကွက်ထဲတွင်ဝက်အကောင်ရေ ၃ သန်းကျဆင်းခဲ့ပြီးနောက် ဈေးကွက်ထဲတွင်ဝက်သား ပြတ်လပ်သည့်ပြဿနာကိုအချိန်မီဖြေရှင်းရန်အတွက် စိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီးဌာနက ကြိုးပမ်း နေသည်။

 

အလားတူ ဇန်နဝါရီလ ၁၅ ရက်အနေ့အထိ ဝက်သား ၁ ကီလိုဂရမ်လျင် ၁၅၀ ဘတ်ဖြင့်ရောင်းချရန် ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနကညွှန်ကြားထားသည်။

 

 

ထို့ပြင် နိုင်ငံတဝန်း နေရာ ၆၀၀ တွင် ဝက်သား ၁ ကီလိုဂရမ်လျင် ၁၃၀ ဘတ်ဖြင့်ရောင်းချပေးရန်စီစဉ်နေသည်ဟု ဖော်ပြထားသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS