4 May 2024

ဥရောပသမဂ္ဂအေဂျင်စီက အားသွင်းကြိုးဆိုင်ရာဥပဒေမူကြမ်းကို လွှတ်တော်နှစ်ရပ်သို့တင်ပို့လိုက်ပါတယ်။

Apple ကတော့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ စားသုံးသူတွေအပေါ် အကျိုးသက်ရောက်မှုများစွာရှိလိမ့် မယ်ဆိုတဲ့

အကြောင်းပြချက်ပေးခဲ့ပါတယ်။

 

၂၀၂၁ စက်တင်ဘာလ ၂၃ ရက်နေ့က ဥရောပကော်မရှင်က ဖုန်းနှင့် လျပ်စစ်ကိရိယာများနှင့်ပတ်သက်လို့

စံနှုန်းတစ်ခုသတ်မှတ်သွားမယ်လို့ကြေညာခဲ့ပါတယ်။ နှစ်စဉ်မြင့်မားလျက်ရှိတဲ့ အီလက်ထရောနှစ် စွန့်ပစ်

ပစ္စည်းတွေကို လျှော့ချနိုင်ဖို့ အတွက် အားသွင်းကြိုးအသုံးပြုရာမှာ USB-C အမျိုးအစား တစ်ခုတည်းကိုသာ

အသုံးပြုဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ .

 

 

 

အဆိုပါသက်မှတ်ချက်ဟာ USB-C ကိုအစကတည်းက ပြောင်းလဲ အသုံးပြုလာတဲ့ အခြားထုတ်ကုန်တွေအတွက်

ထိခိုက်နစ်နာမှုမရှိသော်လည်း Lightning port အားသွင်းကြိုးကိုသာ ရွေးချယ်အသုံးပြုလာခဲ့တဲ့ Apple ထုတ်ကုန်

တွေအဖို့ ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်လို့ဆိုနိုင်ပါတယ်။

 

ကော်မတီအနေနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက ဆက်သွယ်ရေးကြိုးပေါင်း ၃၀ ကျော်ကို လျှော့ချလာခဲ့တာ

ဖြစ်ကြောင်း ကြေညာချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

 

ဒါပေမယ့်လည်း အထက်ပါပြသနာတွေအားလုံးကို မဖြေရှင်းခဲ့နိုင်ပါဘူး၊ ဒါကြောင့် စက်ပစ္စည်းအမျိုးမျိုးကို ချိတ်ဆက်

အသုံးပြုမယ့် ပစ္စည်းတွေအတွက် ဥပဒေမူကြမ်းတစ်ခုကိုရေးဆွဲခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

 

ယင်းဥပဒေမူကြမ်းဟာ စမတ်ဖုန်းတွေ အပြင် တပ်လပ်၊ ကင်မရာ၊ နားကြပ် ဘလုကျုနားကြပ် နှင့်ဂိမ်းစက် တွေကိုလည်

း အကျုံးဝင်မှာဖြစ်တယ်လို့သိရပါတယ်။

 

တစ်ချိန်တည်းမှာ စမတ်ဖုန်းရောင်းချတဲ့အခါ အားသွင်းကြိုးကိုထည့်သွင်းမရောင်းချဖို့ကိုလည်းတား မြစ်ထားပါတယ်။

ဒါကြောင့် နောက်ဆို ဖုန်းတွေဝယ်တဲ့အခါ အားသွင်းကြိုးပါလာမှာမဟုတ်တော့ဘူးလို့ ယူဆရပါတယ်။

 

ဒီဥပဒေမူကြမ်းကို အတည်ပြုထုတ်ပြန်နိုင်တဲ့အခါ ထုတ်လုပ်သူတွေအနေနဲ့ သက်မှတ်ချက်အသစ်နှင့်အညီ ထုတ်ကုန်များကို

ပြောင်းလဲလုပ်ဆောင်ဖို့ အချိန် ၂၄ လသာ ရရှိမှာဖြစ်တယ်လို့သိရပါတယ်။

 

Apple ကတော့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ စားသုံးသူတွေအပေါ် အကျိုးသက်ရောက်မှုများစွာရှိလိမ့် မယ်ဆိုတဲ့ အကြောင်းပြချက်ပေးပြီး ငြင်းဆိုခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS