3 May 2024

လာမည့်ဇန်နဝါရီလ ၁၅ ရက်နေ့မှစ၍ ကမ္ဘောဒီးယား အမ်အိုယူလုပ်သား ၁ သိန်းဦးစတင်ခေါ်ယူရန်အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာန စစ်ဆေးရေးအရာရှိ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ဂိတ်ပြင်ဆင်နေသည့်အခြေအနေသွားရောက်စစ်ဆေး။

 

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့မှစ၍ ကမ္ဘောဒီးယား အမ်အိုယူလုပ်သား ၁ သိန်းဦး စတင်ခေါ်ယူရန်အတွက် ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်နေ့တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာန စစ်ဆေးရေးအရာရှိ ဝဏ္ဏရတနာ သီရိသုခကျိုင်း က ထိုင်းနိုင်ငံ စကက်ယောက်ခရိုင် အရန်ယပရထေ့မြို့နယ်ရှိ ဘန့်ခလောင်လုနယ်စပ်ဖြတ်ကျော်ဂိတ်ကို သွားရောက်စစ်ဆေးမှုပြုခဲ့သည်ဟု MCOT သတင်းဌာနမှဖော်ပြထားသည်။

 

ထိုင်းနိုင်ငံဘက်တွင် ကမ္ဘောဒီးယားလုပ်သား ၁ သိန်းဦးလိုအပ်နေ၍ လာမည့်ဇန်နဝါရီ ၁၅ ရက်မှစ၍ ကမ္ဘောဒီးယား အမ်အိုယူလုပ်သားဦးရေ ၁ သိန်းစတင်ခေါ်ယူမည်ဟု သိရပြီး ၃ ရက်ကြာအမည်စာရင်း

တင်သွင်းမှုလက်ခံပြီးနောက် အမည်စာရင်းပေးထားသူ ကမ္ဘောဒီးယားလုပ်သား ၅ ထောင်ဦးရှိပြီဟုဖော်ပြထားသည်။

 

ဘန့်ခလောင်လုနယ်စပ်ဖြတ်ကျော်ဂိတ်ကိုသွားရောက်စစ်ဆေးရာတွင် အပြည်ပြည်ဆိုင်ရာရောဂါထိန်းချုပ်ရေးအဖွဲ့၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်အကောက်ခွန်အဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့ စသည့်ပူးပေါင်းတပ်ဖွဲ့များအသင့်ဖြစ်နေ၍ ရာထားချက်အတိုင်း MoU လုပ်သားခေါ်ယူရန်အသင့်ဖြစ်သည်ဟုဆိုသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS