28 April 2024

မူ ၁၀ နောင်ချိန်ရွန်ကျေးရွာအုပ်စု၊ ဘန်ဘူမြို့နယ် (Ban Bueng)ချွန်ဘူရီခရိုင် ( ထိုင်း) တွင်းရှိစက်ရုံထဲက မြန်မာအလုပ်သမားရဲ့ ရင်ဖွင့်သံ

 

“ဒီလို့တော့ရှိတယ် အကိုရေ သတင်းထဲကဖော်ပြထားတာနဲ့ လက်တွေ့က တခြားစီပါ။ ကျနော်တို့ဒီမှာအတော်ကို ဒုက္ခရောက်နေပါတယ်။ စက်ရုံထဲမှာဆိုရင် နေ့တိုင်းကိုဗစ်စစ်ပေးနေတယ်။ ကူးစက်သူတော့ တေ်ာတော်ရှိနေပြီ၊ အပြင်ထွက်လို့မရဘူး၊ စက်ရုံရဲ့ ရုံးခန်းဘေးမှာထားပြီး၊ အပြင်မှာသော့ခတ်ထားပါတယ်။ အထဲမှာနေလာတာ ၅ ရက်တောင် ရှိနေပါပြီး ဒါကိုမခံနိုင်တော့လို့ အလုပ်သမားတစ်ချို့ဆန္ဒပြခဲ့ကြတာပါ။

 

 

အတော်တော့ ကူးနေပါပြီ။ ဒါတောင်စက်ရုံက ဆေးတွေ မပေးဘဲ ဂျင်းရေပဲ တိုက်ပါတယ်။ ကျနော်တို့မှာလဲ ခုခံအားကောင်းဖို့ အနားတောင်းတယ် လက်မခံဘူးဖြစ်နေတယ်။ ထမင်းထုပ်တော့လာပို့တယ်။ ဆန္ဒပြတဲ့အဆင့်ကို ရောက်လာတော့မှပဲ ဆေးတွေတချို့ယူလာပေးတယ်။ နောက်ဆိုရင် ထမင်းထုပ်မထောက်ပံ့တော့ဘူး၊ ဆန်နဲ့ရေနဲ့ စက်ရုံဘက်ကပေးမယ် ဟင်းကတော့ ကိုယ့်ဟာကိုယ်မှာဝယ်ရမယ်လို့ ပြောပါတယ်။ ဆန္ဒပြဖြစ်ပြီးတဲ့နောက်ပိုင်း စက်ရုံဘက်က သေချာတဲ့ထုတ်ပြန်ချက်တွေ မတွေ့ရသေးပါဘူး။

 

 

အကုန်ပြောရင် ကျနောတို့ အခက်ခဲရှိနိုင်ပါတယ်။ ဟု အမည်မဖော်လိုတဲ့ Finishing Co.,LTD မှာ လုပ်ကိုင်နေတဲ့မြန်မာနိုင်ငံသားတစ်ဦိးက ဆိုသည်။

>>>>ဒီသတင်းရဲ့ နောက်ဆက်တွဲသတင်း စက်ရုံပိတ်ပေးဖို့ ဆန္ဒပြရာမှ အလုပ်သမား ၁ ဉီးဒဏ်ရာရ<<<

SHARE THIS NEWS

OTHER NEWS