26 April 2024

ဒီကနေ့လူတွေစိတ်ဝင်စားတဲ့သတင်းကြီးပါ၊ သတင်းထွက်လာပြီနောက်ပိုင်း ထိုင်းဗဟိုရဲဌာနချုပ်လဲ မေးခွန်းကြမ်းကြမ်းတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် ထိုင်းရဲတွေရဲ့လုပ်ရပ်တွေကိုပါ ထိခိုက်စေပါတယ်။နခွန်စဝမ်ခရိုင် နခွန်စဝမ်မြို့နယ်ရှိ နခွန်စဝမ်ရဲစခန်းရဲ့ စစ်ဆေးရေးလုပ်နေတဲ့ ရုံးခန်းတစ်ခုက လွတ်ထွက်လားတဲ့ ဗီဒီယိုကိစ္စဖြစ်ပါတယ်။ လူ ၅ ဦီးထက်မနည်း ထိုင်းရဲတစ်စုဟာ ဖမ်းမိထားတဲ့မူးယစ်ဆေးဝါးသမားကို အိတ်အထပ်ထပ်နဲ့ စွပ်ပြီး နှိပ်စက်နေကြပါတယ်။

နောက်ဆုံး အနှိပ်စက်ခံရသူ သေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ သြဂုတ် ၅ ရက် ၁ နာရီအချိန်မှ၍ ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် ၁၀ ရက်ကျော်လွန်လာပြီး၊ သြဂုတ် ၂၂ ရက်နေ့ထိုင်းရဲတစ်စုရဲ့ တရားခံအပေါ်ကိုင်တွယ်တဲ့ လုံခြုံရေးကင်မရာ (CCTV) သက်သေ VDO တစ်ခု လူမှုကွန်ရက်များပေါ် ထိုင်းရှေ့နေတစ်ဦီးရဲ ပေ့ချ်စာမျက်မှာ တင်ထားပြီး ဘူးသီးရေပေါ်ဖြစ်သွားခဲ့ပါတယ်။

ထိုကိစ္စနဲ့ပတ်သက်ပြီး ရဲအရာရှိကြီးများထံ စာပေးပို့ခဲ့ပါတယ်။အဲဒီစာတွေကို ရှေ့နေကြီး နိုင်ဒေချာ ကထုတ်ပြခဲ့တာပါ။ စာတွေထဲက တချို့တဝက်ဖော်ပြထားကတော့ သြဂုတ်လ ၅ ရက်နေ့မှာ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ နခွန်စဝမ်မြို့ရှိ ရဲစခန်းက တရားခံကို ဖမ်းဆီးရမိထားပါတယ်။

ထိုရဲအုပ်စုအမည်သစ် တပ်ထားတာက ကျား ၅ ကောင်လို့သိရပါတယ်။ မူးယစ်ဆေးဝါးမှုနဲ့ တရားခံနှစ်ဉီးကို ဖမ်းမိတယ်။ သူတို့နှစ်ယောက်ကတော့ ချစ်သူရည်းစားတွေပါ။ သတင်းထဲမှာတော့မူးယစ်ဆေးက ဘာအမျိုးစား၊ အရေအတွက်ဘယ်လောက်ရှိ၊လဲဆိုတာ ဖော်ပြထားခြင်းမရှိပါ။ ဒီအချက်အလက်ကတော့ အရာရှိကြီးတစ်ဦီးထံကို ပေးပို့ထားတဲ့စာထဲ ဖော်ပြထားတာတဲ့အချက်အလက်တချို့ဖြစ်ပါတယ်။

 

 

မိထားတဲ့ တရားခံနှစ်ဦီးဟာ မူးယစ်ဆေးဖြန့်ဖြူးတဲ့အသေးစားတွေလိုသိရပါတယ်။ နခွန်စဝမ်ရဲစခန်းကိုခေါ်လာတယ်။ တရားခံနှစ်ဦီးကို အခန်းခွဲစစ်ဆေးခဲ့ပါတယ်။ လက်အောက်ငယ်သားတွေ စစ်ဆေးချိန် တရားခံက ဘတ်ငွေ ၁ သန်းပေးမယ်။ အမှုပိတ်ပေးလို့ ပြောပါတယ်။ ဒီစကားကို နခွန်စဝမ်မြို့နယ်ရဲမှူးထံကိုတင်ပြတယ်။ ရဲမှူးကတော့ ၂ သန်းရမှဖြစ်မယ်။ မင်းတို့အတော်ညံ့တယ်။ ငါကိုယ်တိုင် ကိုင်တွယ်မယ်ဟု ပြောပြီး တရားခံကိုရဲမှူးကိုယ်တိုင် ကိုယ်တွယ်ခဲ့ပါတယ်။

တရားခံခေါင်းကို အိတ်နဲ့စွပ်တယ်။ ရဲမှူးလာတော့ နောက်ထပ် ၁ သန်းရဖို့အတွက် နောက်အိတ်တစ်ထပ် ထပ်စွပ်ထားတယ်။ တင်းတင်း ကျပ်ကျပ်စွဲတယ်။ နောက်ကျောကိုထုတယ်။ တရားခံဟာ အသက်မသေမီ ငယ်သံပါအောင် အော်နေပေမယ့်။ စာနာမှုမရှိတဲ့ ရဲမှူးဟာ တရားခံကကြမ်းပြင်မှာ လဲကျမှ လက်လျှော့လိုက်ပါတယ်။ ထိုနောက်မှာတော့ တရားခံဟာ သတိလစ်ပြီး သေဆုံးသွားခဲ့ပါတယ်။ ဒါကို ရဲမှူးကရုံးခန်းတွင်းမှာတပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာ (CCTV) ထဲပုံတွေကိုဖျက်သိမ်းဖို့ မိန့်ကြားခဲ့ပါတယ်။ အလောင်းကိုတော့ နခွန်စဝမ်မြို့ရှိ စဝမ်ပရာချာရတ်ဆေးရုံကို ပို့ခိုင်းလိုက်ပါတယ်။ သေဆုံးရခြင်းအကြောင်းကိုလဲ ဆေးသုံးစွဲတာလွန်ကျူးလို့သေတာလို့ ဆရာဝန်ကိုပြောခိုင်းတယ်။

ထိုနောက်မှာတော့ တရားခံအမျိုးသမီးကို ချွင်းချက်မရှိ လွတ်ပေးလိုက်တယ်။ သေဆုံးသူရဲ့ဖခင်ကို ခေါ်ပြီးရှင်းလင်းတယ်။ ရဲမှူးက “ဘာမှကြောက်စရာမလိုဘူး ငွေကဘာမဆိုဝယ်နိုင်တယ်။” သူ့နှုတ်ကပြောခဲ့ပါတယ်။ ရဲမှူးနဲ့အပေါင်းပါ တသိုက် ကျူးလွန်တဲ့ လူသတ်မှုမှာ အပြစ်ကနေကင်းလွတ်ဖို့ ဖြစ်နိုင်ခြေများပါတယ်။ လုံခြုံရေးကင်မရာ (CCTV) သက်သေသာ လူမှုကွန်ရက်များပေါ် ထွက်မလာခဲ့ဘူးဆိုရင်၊ ဘာကြောင့်လဲဆိုတော့ သေဆုံးသူရဲ့မိသားစုကတောင် သားသေတာကို သံသယမဖြစ်ဘူးလို့ ပြောပါတယ်။ သြဂုတ်လ ၂၂ ရက်နေ့လောက်က ဖုန်းနဲ့ရိုက်ထားတာရှိသလို လုံခြုံရေးကင်မရာ (CCTV) ထဲကလဲပါတဲ့၊ ဖျက်ပစ်ဖို့ မိန့်ကြားထားခဲ့တဲ့ VDO တွေလူမှုကွန်ရက်ပေါ်မှာ လွတ်ထွက်လာခဲ့တာပါ။

ရှေ့နေ ထနိုင်စီချာ ဗိဝမ်ကော် ပေ့ချ်ကို ကျေးဇူးတင်ရမှာပါ။ သူကသာငြိမ်နေလိုက်ရင် လူသတ်ရဲတစ်စုကတော့ လွတ်မြောက်နေဆဲဖြစ်ပါတယ်။ တရားခံအသက် ၂၄ နှစ်ကို အိတ်အထပ်ထပ်စွပ်ထားပြီ လဲကျသွားခဲ့ပေမယ့် ရဲမှူးနဲ့အပေါင်းပါ ၅ ဦီးဟာလက်ထိပ်ကို ခတ်ထားခိုင်းဆဲဖြစ်ပါတယ်။ သတိလစ် သေဆုံးနေတဲ့ တရားခံကို မသေသေးဘူးထင်လို့ရဲမှူးနဲ့အပေါင်းပါတို့က တရားခံရဲ့မျက်နှာကိုရေနဲ့ဖျန်းတယ်သတိပြန်ရဖို့အတွက်ပါ။ ရုံးခန်းရဲ့ လုံခြုံရေးကင်မရာ (CCTV)ရဲ့အချိန်ကတော့ ၁၃ နာရီသြဂုတ် ၅ ရက် ဖြစ်ပါတယ်။ သတိလစ်သွားပြီးဖြစ်တဲ့ တရားခံကို ရဲမှူးအသံနဲ့တူတဲ့ရဲက မင်းကိုနောက်ဆုံးအခွင့်အရေးပေးမယ်။ (ပစ္စည်းဘယ်မှာထားလဲ) အသံကုန်အော် မေးခဲ့ပါတယ်။

သတိပြန်မရတော့တဲ့ တရားခံကို နောက်ဆုံးမှာတော့ သေဆုံးသူကို CPR လုပ်ပေးနေတာတွေ့ရတယ်။ ဒါပေမဲ့ အထမမြောက်တော့ပါဘူး။ တရားခံဟာ အသက်မရှိတော့ပါဘူး ရဲမှူးနာမည် ဖူကန်ကတ် “ကျို့” လိုအများကခေါ်ကြပါတယ်။ အသက် ၃၉ နှစ်ပါ။အထင်ကရ ရဲမှူးတစ်ဦီးပါ။ ဘာကြောင့်လဲဆိုတော့ နာမည်ကြီး သရုပ်ဆောင်တစ်ဦီးနဲ့ ချစ်ကြိုက်ခဲ့ကြပါတယ်။ သူကတော့ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ ရဲအရာရှိဟောင်းတစ်ဦီးပါ။ ဖိစနိုလို့တ်ခရိုင်ကို ပြောင်းရွှေ့သွားပြီနောက် အရင်နှစ် အောက်တိုဘာလ မှာနခွန်စဝမ်ရဲစခန်း ရဲမှူးရာထူးကိုတိုးပေးခဲ့ပါတယ်။ လုံခြုံရေးကင်မရာ (CCTV) လွတ်ထွက်လာခဲ့ပြီးနောက် ပူးပေါင်းတဲ့ ရဲ ၄ ဦီးကတော့ ဖမ်းဆီးထားပါတယ်။ ရဲမှူး “ကျို့” ကတော့ တာ့ခ်ခရိုင်ဘက်ကိုထွတ်ပြေးနေတယ်ဟု Ch3 သတင်းက ဖော်ပြထားပါတယ်။

 

#ကိုချစ် ဇွဲကပင်မြေ #ထိုင်းရဲမှူးလူသတ်မှု #မူးယစ်ဆေးဝါးနှိမ်နှင်းရေးတပ်ဖွဲ့

SHARE THIS NEWS

OTHER NEWS