2 May 2024

,

မိန်းမကြီးတစ်ယောက် ‘စီယန်ပဲ့လုန်စီ” ဝပ်စဝမ်အာလုံဘုန်းကြီးကျောင်းမှာ လာဆုတောင်းရာတွင် ထီဂဏန်းကောင်းရရှိပြီး ၁ရက်နေ့ ၈လပိုင်း ၂၀၂၁ အတွက် ကံစမ်းနိုင်ပြီ။

ခူကဲ့ဝ် နခွန်ချိုင်စီမြို့ရှိ ဝပ်စဝမ်အာလုံ ဘုန်းကြီးကျောင်းတွင်သတင်းထောက်များ၏ သတင်းအရ စီယန်ပဲ့လုန်စီကို နည်းနည်းချင်းသွားရောက်ဆုတောင်းကြတဲ့သူတွေရှိ ပါတယ်။သွားရောက်သူတွေထဲက အချို့ဆိုရင်လက်ထဲမှာကပ်လှူဖို့အတွက် ကော်ဖီ အနက် ၊ ဆေးလိပ် ၊ သောက်စရာအချိုရည်အများအပြားနဲ့ ကံဇာတာကောင်းဖို့ အတွက် လာရောက်ဆုတောင်းကြပါတယ်။

အဲ့ဒီထဲက စယ်ဒေ့ယန် စုန်နွေ(န်) အသက်၅၄နှစ် ဘန်နောမြို့ဘန်ကောက်တွင်နေပြီး ထမင်းဆိုင်ဖွင့်ထားပြီးသူမလာရောက်ဆုတောင်းရာတွင်သူရဲ့ခင်ပွန်းနဲ့သားကိုပါခေါ် လာပြီးဆုတောင်းကြပါတယ်။ပုံမှန်ဆိုရင် ဈေးရောင်းသမားတွေလာဆုတောင်းကြပြီး ဆုတောင်းပြည့်တဲ့သူတွေများကြပါတယ်။အမှန်ဆိုရင် ပထုန်ဌာနီမှာသွားဆုတောင်း လေ့ရှိတယ်။အခုကပိတ်ထားလို့အခွင့်ရေးရတုန်း စီယန်ပဲ့လုန်စီ ဝပ်စဝမ်အာလုံ ဘုန်းကြီး ကျောင်းမှာတစ်ခါတည်းလာပြီး တော့ဆုတောင်းလိုက်ကြပါတယ်။

အခုကကိုဗစ် ရောဂါအရမ်းဖြစ်နေသောကြောင့်ဆိုင်တွေလဲပိတ်ထားရပြီးအရင်းတွေလဲ ဆုံးသောကြောင့်လာရောက်ဆုတောင်းပါတယ်။ဆုမတောင်းခင် အမွှေးတိုင်ထွန်းပြီး ရုပ်ထုအရှေ့တွင်ကြက်ဥမပြုတ်ခင်စိတ်ထဲကနေဆုတောင်းပြီးကြက်ဥပြုတ်၃လုံးကို ယူတင်လိုက်ကာ ရလာတဲ့ထီဂဏန်းမှာ ၄, ၅ , ၇ ရရှိပြီး အကယ်လို့ထီပေါက်ရှိခဲ့ရင် ကြက်ဥ ၊ ဆန် ၊ ဆီ နဲ့ဘိုးတော်အတွက်ဝတ်စုံများ လာရောက်လှူတန်းပါမယ်။ ဘိုးတော် ဇရပ်ထွက်လာတာနဲ့ ထီစောင်စာရွက်များဝယ်ပြီးအိမ်ပြန်ခဲ့တယ်။

SHARE THIS NEWS

OTHER NEWS