4 May 2024

နိုဝင်ဘာလ ၉ ရက်နေ့မနက် ၁၀ နာရီဝန်းကျင်က ထိုင်းကိုတရားမဝင်ဝင်ရောက်လာပြီး ဘန်ကောက်၊ စမွတ်ဆာခွန်၊ စမွတ်ပရာကန်၊ ချွန်ဘူရီ၊ ရာ့ဘူရီ၊ ပရာကျင်ဘူရီနဲ့ ပရကျွတ်ခရိုင်တို့မှာ အလုပ်သွားလုပ်ရန် စမ်ခရဘူရီမြို့နယ် နောင်လူကျေးရွာမှာ ခိုလုံနေတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၁၈ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

 

 

 

သူတို့တွေဟာ ထိုင်းကိုလာဖို့အတွက် ပွဲစားကို တစ်ဦးလျင် ဘတ် ၂၅,၀၀၀-၂၆,၀၀၀ ထိပေး ခဲ့ရတယ် လို့ပြောပါတယ်။

 

ဖမ်းဆီးခံရသူတွေထဲမှာ ကျား ၁၂၅ ဦး မ ၉၃ ဦးဖြစ်ပြီး အများစုက မြန်မာနိုင်ငံ ပဲခူး၊ မော်လမြိုင်၊ ရန်ကုန်နှင့် ကော့ကရိတ်တို့က လာတဲ့သူတွေဖြစ်ပါတယ်။

 

ဖမ်းဆီးရမိတဲ့သူတွေအားလုံးကို ထိုင်းအာဏာပိုင်တွေက ကျန်းမာရေးဌာနနှင့် ချိတ်ဆက်ကာ ကနဦး ကျန်းမာရေးစစ်ဆေး ပေးမှုတွေပြုလုပ်ပေးခဲ့ပြီးနောက် စမ်ခရဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ပါတယ်။

 

မြန်မာနိုင်ငံမှာအလုပ်အကိုင်ရှားပါးပြီး ထိုင်း-မြန်မာ နယ်စပ်ဂိတ်တွေလည်း ပြန်မဖွင့်သေးတာကြောင့် ပွဲစားတွေကို ငွေအဆမတန်ပေးပြီး ရွှေ့ပြောင်းလုပ်သားတွေဟာ တရားမဝင်လမ်းတွေ ကတစ်ဆင့် ထိုင်းနိုင်ငံကို နေ့စဉ် ဝင်ရောက်လာနေကြတာပါ။

 

 

 

 

 

ထိုင်းအာဏာပိုင်တွေရဲ့ထုတ်ဖေါ်ပြောဆိုချက်အရ ဒီတစ်ခေါက်ဖမ်းဆီးရမိခဲ့တဲ့ ခိုးဝင်လုပ်သားဦးရေဟာ ဖမ်းဆီးရမိခဲ့တဲ့တစ်လျှောက် အများဆုံးဖြစ်တယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS