14 May 2024

ဆော်ဒီအာရေဗျနိုင်ငံမှဘုရားဖူးပြန်လာသည့် နွန်ထဘူရီခရိုင်တွင်နေထိုင်သော ထိုင်းနိုင်ငံသား ၁၄ ဦး အနက် ၆ ဦးတွင် အိုမီခရွန်မျိုးကွဲကိုဗစ်-၁၉ ပိုးတွေ့ရှိသည်ဟု ခရိုင်ပြည်သူ့ကျန်းမာရေးဌာနထုတ်ပြန်။

အရှေ့အလယ်ပိုင်းဒေသ ဆော်ဒီအာရေဗျနိုင်ငံမှဘုရားဖူးပြန်လာသည့် နွန်ထဘူရီခရိုင်နေ ထိုင်းနိုင်ငံသား ၁၄ ဦးအနက် ၆ ဦးတွင် အိုမီခရွန်မျိုးကွဲ ကိုဗစ်-၁၉ ပိုးတွေ့ရှိသည်ဟု နွန်ထဘူရီခရိုင်ပြည်သူ့ကျန်းမာရေး ဌာန မှ ယမန်နေ့တွင်အတည်ပြုထုတ်ပြန်သည်။

 

ဆော်ဒီအာရေဗျနိုင်ငံမှဘုရားဖူးပြန်လာသောထိုင်းနိုင်ငံသား ၃၀ ဦးသည် ပြီးခဲ့သည့်ဒီဇင်ဘာ ၁၄ ရက်နေ့နေ့လယ် ၁၂.၄၅ နာရီအချိန်တွင် သုဝဏ္ဏဘူမိလေဆိပ်သို့ဆိုက်ရောက်ခဲ့ပြီးနောက် Zayn Hotel Bangkok 1 ဟိုတယ်တွင်ဝင်ရောက်တည်းခိုခဲ့ကြပြီး ပိုးစစ်ဆေးခဲ့သည်ဟု ဆိုသည်။

 

ထိုင်းနိုင်ငံ ဖူကက်ခရိုင်နှင့်နွန်ထဘူရီခရိုင်တွင် အိုမီခရွန်ပိုးရှိလူနာတွေ့ရှိသည့်ကိစ္စနှင့်ပတ်သက်ပြီး ယနေ့ (ဒီဇင်ဘာ ၂၀) နေ့လယ် ၁၁ နာရီအချိန်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမည်ဟု ကုသရေးသိပ္ပံညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စုဖလတ် သီရိလက္ခဏာ ကဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS