9 May 2024

,

မျက်လုံးဟာခန္ဓာကိုယ်အတွက်အရေးကြီးဆုံးအင်္ဂါတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့်ကျွန်ုပ်တို့တွေဟာ တစ်ခါတစ်ရံ ကျွန်ုပ်တို့သတိမထားမိလိုက်တဲ့အရာတွေနဲ့ မျက်လုံးကိုထိခိုက်စေအောင် ပြုမူနေတတ်ပါတယ်။ ဘယ်လိုအပြုအမူတွေက မျက်လုံးကို ထိခိုက်စေလဲဆိုတာသွားကြည့်လိုက်ကြရအောင်…

၁. အချိန်အတန်ကြာဖုန်းဆော့ခြင်း

ဖုန်း၊ ကွန်ပျူတာ၊ တပ်လက်တို့မှာပါရှိတဲ့ Blue light ရောင်ခြည်ဟာ မျက်လုံးနှင့်အာရုံကြောကို အင်မတန်မှ ထိခိုက်စေပါတယ်။

ကာကွယ်နည်းကတော့ – Blue light ရောင်ခြည်ကိုကာကွယ်တဲ့ မျက်မှန်တွေတပ်ဆင်သင့်ပါတယ်။ ဒါမှမဟုတ် ဖုန်ရဲ့စူးရှတဲ့ အလင်းရောင်ကိုလျော့ပြီးအသုံးပြုသင့်ပါတယ်။

၂. စူးစိုက်ကြည့်ရှုခြင်း

အရာဝတ္တုတစ်ခုကိုအချိန်ကြာစူးစိုက်ကြည့်ရှုခြင်းကိုဆိုလိုတာပါ။ နေအရမ်းပူတဲ့အချိန် မျက်လုံးကို အကာအကွယ်တစ်ခုမှမပေးဘဲ ကားမောင်းတာ ညဘက်ကားမောင်းတာ စတာတွေက ရေရှည်မှာ မျက်လုံးကိုမှုံဝါးစေပါတယ်။

၃. မျက်လုံးကိုလက်ဖြင့်ပွတ်ခြင်း 

အမှုန်အမွှားတွေ မျက်လုံးထဲမဝင်ရောင်နိုင်အောင် မျက်ရည်ကတားဆီးပေးပါတယ်။ ဒါပေမယ်တစ်ခါတစ်ရံမျက်စိ ယားယံတဲ့အခါ အများစုက လက်ဖြင့်ပွတ်လေ့ရှိပါတယ်။ လက်ဖြင့်ပွတ်လိုက်ခြင်းကပဲ လက်မှာပါရှိတဲ့ ဘက်တီးရီးယားတွေနဲ့ အမှုန်အမွှားတွေဟာ မျက်လုံးထဲပိုပြီးဝင်ရောက်နိုင်ခြေများသွားပါတယ်။ မျက်လုံးယားယံတဲ့အခါ လက်ဖြင့်မပွတ်ဘဲ ရေသန့်ဖြင့်သာ သန့်စင်ပေးသင့်ပါတယ်။

၄. နေအရမ်းပူတဲ့နေရာမှာမျက်လုံးအကာမရှိဘဲအလုပ်လုပ်ခြင်း

နေရောင်ချည်အရမ်းပြင်းပြတဲ့နေရာမှာ အလုပ်လုပ်တဲ့အခါ မျက်လုံးထိခိုက်ခြင်းမှကာကွယ်နိုင်ရန် UV ကာမျက်မှန်တပ်ဆင်သင့်ပါတယ်။

၅. အလင်းရောင်မလုံလောက်တဲ့နေရာမှာစာဖတ်ခြင်း 

အလင်းရောင်မလုံလောက်တဲ့နေရာမှာစာဖတ်ခြင်းက ရေရှည်မျာ မျက်လုံးကိုမှုန်ဝါးစေပါတယ်။

သင့်အနေနဲ့ မျက်လုံးကိုထိခိုက်စေတဲ့ အပြုအမူတွေ ကိုလုပ်နေမိရင်တော့ မျက်လုံးအတွက်လိုအပ်တဲ့ ဗီတာမင်ဖြည့်စွက်စာတွေစားသုံးပေးခြင်းဖြင့် ကုစားနိုင်ပါတယ်။

SHARE THIS NEWS

OTHER NEWS