3 May 2024

ထိုင်းတောင်ပိုင်း ၁၁ ခရိုင်ဖြစ်တဲ့ စုရာ့ဌာနီ၊ နခွန်စီထမ်မရာ့၊ စတွန်၊ စုမ်ခရာ၊ ပတ်တနီ၊ ယလာ၊ နာရာထီဝါ့၊ ကရဘီ၊ ရနောင်း၊ ဖူးကတ်နှင့် တရန် တို့မှာ နိုဝင်ဘာလ ၃-၆ ရက်နေ့အတွင်းရေဘေးနှင့် ကြုံရနိုင်တယ်လို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။

စုရာ့ဌာနီ၊ နခွန်စီထမ်မရာ့၊ စတွန်၊ စုမ်ခရာ၊ ပတ်တနီခရိုင်နှင့် နာရာထီဝါ့ ခရိုင်တို့မှာ ရေဘေးအပြင် တောင်ကျချောင်းရေလျံမှုကြောင့် မြေပြိုခြင်းတွေကိုပါ အထူးသတိထားရမယ်လို့ထုတ်ပြန်ထားပါတယ်။

ရေလှောင်တမန် အများစုရှိတဲ့ စုရာ့ဌာနီ ကရဘီ၊ ရနောင်း၊ ဖူးကတ်နှင့် တရန် ခရိုင်တွေတို့မှာနေထိုင်တဲ့ ပြည်သူတွေကိုတော့ အခုရက်ပိုင်းတွင်းမှာ သတင်းတွေကိုအဆက်မပြတ်နားစွင့်ကြဖို့နဲ့ ရေလှောင်တမန်တွေရဲ့ ရေအမြင့်ပေကို စောင့်ကြည့်ကြဖို့မှာကြားထားပါတယ်။

 

ရေကြီးရေလျံဖြစ်နိုင်တဲ့မြစ်ချောင်းများ

တာပီမြစ် – စူရာ့ဌာနီ

ထာ့ဒီမြစ် – နခွန်စီထမ်မရာ့

စုမ်ခရာရေလှောင်ကန် – စုမ်ခရာ

ပတ်သနီမြစ် – ယလာ၊ ပတ်သနီ

ခိုလွတ်မြစ် – နရာထိဝါ့

 

ဖေါ်ပြပါ ၁၁ ခရိုင်တွင်းမှာနေထိုင်ကြသူတွေအနေနဲ့ ရေဘေးကြုံတဲ့အခါ ကယ်ဆယ်ရေးလုပ်ငန်းစဉ် တွေကိုလက်လှမ်းမီစေဖို့ LINE @1784DDPM ကို အက်ထားကြရန်နှင့် သဘာဝဘေးအန္တရာယ်နှင့်ကြုံတွေ့ တဲ့အခါ ၂၄ နာရီဆက်သွယ်အကူအညီ တောင်းခံနိုင်တဲ့ ၁၇၈၄ ဟော့လိုင်းဖုန်းကို မှတ်ထားကြရန် ထိုင်းအစိုးရကမှာကြားပါတယ်။

SHARE THIS NEWS

OTHER NEWS