26 April 2024

၂၀၂၁ နိုဝင်ဘာလ ၂၀ ရက်နေ့ က ထိုင်းနိုင်ငံ စူရင်းခရိုင်မှာ ကျွဲမလေးကို မဒိန်းလာကျင့်တဲ့ မသန်စွမ်းတစ်ဦးကို ပိုင်ရှင်က စောင့်ဖမ်းပြီး ရဲလက်အပ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ ကျွဲမွေးထားတဲ့ ကျွဲပိုင်ရှင်တစ်ဦးဟာ ၎င်းရဲ့ကျွဲခြံထဲမှာ ရိုက်ပုတ်သံ၊ ကျွဲအော်သံတွေ ကြားနေရတာ ၁ – ၂ ရက် ခန့် ရှိပြီဖြစ်တာကြောင့် ရွာသူရွာသားတွေနဲ့ တိုင်ပင်ကာ စောင့်ကြည့်ခဲ့ရာက ညဘက်ရောက်တော့ ရွာထဲက ခြေမသန်စွမ်းတစ်ဦးဟာ ၎င်းရဲ့ကျွဲမလေးကို မဒိန်းကျင့်နေတာကို လက်ပူးလက်ကျပ် ဖမ်းမိခဲ့တာပါ။

 

 

 

မောင်အေး (အမည်လွှဲ) ဟာ အဲဒီ ကျွဲမလေးကို လာပြီး မဒိန်းကျင့်နေတာ အကြိမ်ရေမနည်းတော့ဘူးလို့ ပိုင်ရှင်ဖြစ်သူကဆိုပါတယ်။ ဒီတစ်​ခေါက်တော့ လက်ပူးလက်ကြပ်ဖမ်းမိခဲ့တာကြောင့် အတည်ပြုနိုင်ခဲ့တာပါ။

 

ထပ်မံပြီးရွာသားတွေရဲ့ပြောပြချက်အရ မောင်အေးဟာ အရင်ကလည်း သူကိုယ်တိုင် မွေးထားတဲ့ ကျွဲမလေးကို အကြိမ်ရေမနည်း မဒိန်းကျင့်ခဲ့ဖူးတာကြောင့် ရွာလူကြီးကိုယ်တိုင် မောင်အေးရဲ့ အဖေအမေတွေကို ခေါ်ပြီး ဖျောင်းဖျ ပေးခဲ့ရ ဖူးတယ်လို့ဆိုပါတယ်။

 

ဒီတစ်ခေါက်တော့ မောင်အေးဟာ ရွာထဲက ကျွဲမလေးတွေကို ညကြီးအချိန်မတော် လိုက်လံမဒိန်းကျင့်နေတာ ကြောင့် ရွာသားတွေက စောင့်ဖမ်းပြီး ရဲလက်အပ်ခဲ့တာပါ။

 

 

 

ကျွဲမလေးကို မဒိန်းကျင့်ခဲ့တဲ့ မောင်အေးကို မေးမြန်းကြည့်ရာမှာ သူဟာ အရက်သောက်ပြီး ပြန်လာရာက အိမ်ပြန်လမ်းက ကျွဲမလေးကို မြင်ပြီး ကာမစိတ် လွန်ကဲကာ မဒိန်းဝင်ကျင့်ခဲ့ကြောင်းဝန်ခံပါတယ်။

 

မောင်အေးကို ရွာသူရွာသားတွေက ရဲလက်အပ်ခဲ့ပြီးနောက် ရဲစခန်းက ဒီလိုပြစ်မှုမျိုးနောက် ထပ်မကျူးလွန်မိရန် ခံဝန်ကတိပေးလက်မှတ်ထိုးခိုင်းခဲ့ပြီး ပြန်လွှတ်ပေးခဲ့ရတယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS