26 April 2024

,

ဩဂုတ် ၂၃ ရက်၊ ၂၀၂၁

ထိုင်းဘောလုံးလောကမှာ ၁၅ နှစ်တိုင်တိုင်ကျင်လည်ခဲ့တဲ့ ထိုင်းဆိပ်ကမ်းအာဏာပိုင်အသင်း (Port FC)ပိုင်ရှင် မာဒမ်ပန်ကို ထိုင်းလက်ရွေးစင်

ဘောလုံးအသင်းမန်နေဂျာခန့်အပ်လိုက်ပြီလို့ ထိုင်းဘောလုံးအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။

မာဒမ်ပန်လို့လူသိများတဲ့ နွန်ဖန် လမ့်ဆန်ဟာ ဘောလုံးလောကမှာ ၁၅ နှစ်ကြာကျင်လည်ခဲ့သူဖြစ်သလို ထိုင်းအမျိုးသမီးလက်ရွေးစင်အသင်းကို

ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ကြိမ်ဆက်တိုက်ပါဝင်ကစားခွင့်ရအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အတွေ့အကြုံကောင်းရှိသူတယောက်ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရွေးစင်ဘောလုံးလောကကိုရော လိဂ်ဘောလုံးလောကကိုပါ ချစ်မြတ်နိုးတဲ့ဝါရင့်အမျိုး သမီးအသင်းပိုင်ရှင်တစ်ဦးဖြစ်တာကြောင့်

ထိုင်းလက်ရွေးစင်အသင်းကို အာရှထိပ်တန်းအသင်းတစ်သင်းဖြစ်လာအောင်စွမ်းဆောင်နိုင်မယ်လို့ဘောလုံးအဖွဲ့ချုပ်ယုံကြည်ထားပါတယ်။

ပူပူနွေးနွေးအသင်းမန်နေဂျာ မာဒမ်ပန်အနေနဲ့ ၂၀၂၂ ယူ-၂၃ အာရှဖလားခြေစစ်ပွဲအပါအဝင် ၂၀၂၁ ဆူဇူကီးဖလားပြိုင်ပွဲနဲ့ ၂၀၂၃

အာရှဖလားခြေစစ်ပွဲတွေကို စတင်လက်စွမ်းပြရမှာဖြစ်ပါတယ်။

SHARE THIS NEWS

OTHER NEWS